love emotion

6.1K 620 34
                                    

I am a little scary to publish this one. 😅
Please do tell me if you feel uncomfortable with this one shot.

(Unicode)
"မင်း မျိုးရိုး နာမည်ကို ရှောင်းလို့ ပြောင်းချင်လား"

ရိပေါ် သူ့ရှေ့က မျက်မှန်ဝိုင်းနဲ့ အကို​ကြီးကို ငေးကြည့်ရင်း ဘာမှ ပြန်မဖြေနိုင်။ ရိပေါ်ကို ပြန်ကြည့်နေသော စူးရှတဲ့ မျက်ဝန်းတစ်စုံက လက်ခနဲ ဖြစ်သွားပြီး ပြုံးပြလာတယ်။

"အင်း ဝမ်ရိပေါ် ဆိုတဲ့ နာမည်လေးက လှပါတယ်"

ရိပေါ် ဆံပင်ပျော့ပျော့တွေကို အသာဖွသွားတဲ့ လက်သွယ်သွယ်တွေကို ဘယ်လောက်တောင် ရိပေါ် သဘောကျမိလဲလေ။

ဒီလိုတွေကနေစပြီး ရှောင်းကျန့်ဆိုတဲ့ လူသားတစ်ယောက်က ဝမ်ရိပေါ်ဘဝထဲ ဝင်လာတယ်ပေါ့။

💗

ရိပေါ် လက်ထဲက စာရွက်တွေကို ပြန်ငုံ့ဖတ်လိုက်တယ်။ အာရှတိုက်သားတစ်ယောက်အနေနဲ့ USA ကို ကျောင်းတက်ဖို့ စရောက်လာတုန်းက အခက်အခဲတွေ တကယ့်ကို အများကြီး။ တစ်ခါတစ်လေကျတော့လည်း အိမ်ပြန်ပြီး ရှောင်းကျန့်ဆိုတဲ့လူသားတစ်ယောက်ကို ရှပ်ကော်လံတွေဆွဲမေးချင်မိတယ်။ ဒီလောက်ထိ အဝေးပို့ဖို့ လိုသလားလို့လေ။

"မင်း ပေကျင်းကို ပြန်မလို့ဆို"

ရိပေါ်ရဲ့ ရှားရှားပါးပါး သူငယ်ချင်းလေး ယွီပင်းဆီက အမေးစကား။ နိုင်ငံရပ်ခြားမှာ ကိုယ်နဲ့ လူမျိူးတူတွေ့ရတာ ထီဆုကြီး ပေါက်ရသလိုပဲလို့ ခံစားစေတဲ့သူပေါ့။ ရိပေါ် ခေါင်းညိတ်​ပြီးသာ အဖြေပေးလိုက်တယ်။ ယွီပင်းက သူ့ လွယ်အိတ်ထဲ ခေါင်းငုံ့ပြီး တစ်ခုခုရှာနေတော့ ရိပေါ်လည်း ဘေးမှာ ဝင်ထိုင်ရင်း ညနေပြောရမယ့် စာတမ်းကို တစ်ခေါက် ပြန်လေ့လာလိုက်တယ်။

လူတွေရဲ့ အမူအယာ​ကအနေ အတွေးတွေကို ခွဲခြမ်းစိတ်ဖြာခြင်း။ ဒီ ခေါင်းစည်နဲ့ ပတ်သက်ပြီး ပရော်ဖက်ဆာက debate သဘောမျိုးပါ လုပ်စေချင်တယ် ပြောဖူးတာ။

"ဒီမှာ မင်း စုံစမ်းဖို့ ပြောထားတဲ့ ဆရာ"

"အင်း"

ရိပေါ်လက်ထဲ ရောက်လာတဲ့ ကတ်ပြားကို ငုံ့ကြည့်ရင်း ကျေးဇူး လို့ ခပ်တိုးတိုးပြောလိုက်တယ်။

博君一肖 AUWhere stories live. Discover now