(Unicode)
ရှောင်းကျန့်က ဝမ်ရိပေါ်အတွက်ဘာလဲ။သူများတွေမေးရင်ဟားတိုက်ရယ်ပြီး မင်းနဲ့ဆိုင်လားတွေဘာတွေဖြေမိမှာပေမယ့် မေးလာတာက အမအရင်းဖြစ်နေတယ်။
"ဒီတိုင်း အသိအကိုကြီးပေါ့။ သူငယ်ချင်းလို့ ပြောရင်လည်းရတယ်"
ကျောပိုးအိတ်မှာ ချိတ်ထားတဲ့သော့ချိတ်လေးဆီက အကြည့်မလွဲဘဲဖြေမိတယ်။ ဒီသော့ချိတ်လေးမှာ ပုံပြင်တွေနဲ့။
စတွေ့မိတဲ့နေ့က ရှောင်းကျန့်ကသော့ချိတ်တစ်ခု ကောက်ရတယ်။ ဝမ်ရိပေါ်က မိသားစုဝင်မဟုတ်ဘဲ ကမ္ဘာပေါ်မှာအချစ်ရဆုံးလူတစ်ယောက် ကောက်ရတယ်။
မမက ရိပေါ်မျက်လုံးတွေထဲ စူးစူးစိုက်စိုက်လိုက်ကြည့်တယ်။ ပြီးတော့ ခေါင်းငုံ့ချသွားတယ်။ လက်သည်းလှလှလေးတွေနဲ့ ခုံကိုတစ်ဒေါက်ဒေါက်ခေါက်နေတာက သူမတစ်ခုခုပြောချင်နေပုံရတယ်။
"မင်းတို့က သူငယ်ချင်းတွေထက် အများကြီးရင်းနှီးတဲ့ပုံရတယ်"
ရိပေါ်ကငုံ့ထားတဲ့ မမမျက်နှာကို သေသေချာချာလိုက်ကြည့်ရင်း ဘယ်လိုမေးခွန်းထုတ်သင့်လဲ တွေးနေမိတယ်။ ဒါပေမယ့် ဘယ်တစ်ခုမှ အတွေးထဲပေါ်မလာဘူး။ ယောကျ်ားလေးနှစ်ယောက် ပေါင်းမိကြတယ်။ ဒီကိစ္စက ထူးဆန်းနေတယ်လို့ ရိပေါ်မထင်မိဘူး။ ဒီတိုင်းပဲ ကျန့်ကောကခင်ဖို့ကောင်းတဲ့ လူသားလေး။
"အချစ်ဆုံး သူငယ်ချင်းပေါ့"
"ဒီလိုကိစ္စတွေမှာ မိန်းကလေးတွေရဲ့ ဆဋ္ဌမအာရုံဆိုတာရှိတယ်"
ရိပေါ်လက်မြောက်လိုက်တယ်။ မမက တစ်ခါတစ်လေ ထူးထူးဆန်းဆန်းတွေထလုပ်လွန်းလို့။
"မမ နင်လက်သည်းနီ အရောင်ပြောင်းထားတာလား"
ပုံမှန်ဆို မိန်းကလေးတစ်ယောက် လက်သည်းနီဆိုးထားမထားကို ဝမ်ရိပေါ်တို့ကအာရုံထဲ ထည့်မှာတောင်မဟုတ်ဘူး။ ဒါပေမယ့်မမက ကွာခြားတယ်။ သူမ လက်သည်းနီအရောင်ပြောင်းတယ်ဆိုတာ သူမချစ်သူကအသစ်ဆိုးပေးထားတယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့။ ဝမ်ရိပေါ်ကတော့ အနာဂါတ်ရဲ့ယောက်ဖလောင်းကို တကယ်သနားတယ်။ မမကတစ်ခါတစ်လေ ခပ်ဆိုးဆိုးကောင်မလေး။
![](https://img.wattpad.com/cover/207326078-288-k578604.jpg)
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.