Belong to - extra

7.6K 930 86
                                    

(Unicode)
(AN / one shot လေးကို အရစ်ရှည်လိုက်တာလို့ မတွေးကြပါနဲ့နော်။)

​သူ့ဇနီးလောင်းဆိုတဲ့ မိန်းကလေးကို ကြည့်ရင်း လေပူတွေပဲ မှုတ်ထုတ်မိတယ်။ မေမေလေးရဲ့ သမီးဖြစ်နေတာကြောင့် အမွေတွေ ခွဲမပေးရအောင် လက်ထပ်ခိုင်းတာဆိုတဲ့ စကားတစ်ခွန်းအောက် သူခေါင်းညိတ်လိုက်ရတာ။

သူ့ကို အိမ်မှာထားပြီး မင်းချစ်တဲ့သူပေါ်လာရင် တွဲပေါ့တဲ့။ ဝမ်သခင်ကြီးက သူ့သားကို သူ့လိုလူမျိုးပဲ ဖြစ်စေချင်ပုံရတယ်။ စကားနည်းရန်စဲ သဘောထားနိုင်တဲ့ ဝမ်ရိပေါ်လည်း ဒီတိုင်း လက်ခံခဲ့တာပဲ။

စနစ်တကျစီစဥ်မှုတွေဟာ သူ့ကိုမူးပြီး ဝင်တိုက်တဲ့ ယုန်ဆိုးလေးနဲ့ အစပြုပြီး ပျက်စီးကုန်တယ်။

မျက်လုံးမပွင့်တာတောင် နမ်းပါရစေ ခွင့်တောင်းနေခဲ့တဲ့ ယုန်ကြီးကြီးတစ်ကောင်ကို လှောင်အိမ်ထဲ ထည့်ပိတ်ထားလိုတဲ့ ဆန္ဒတွေ ပေါ်လာတဲ့အခါ၊ မျက်စိရှေ့က လူသားတစ်ယောက်ရဲ့ အစိတ်အပိုင်းတိုင်းကို အပိုင်သိမ်းလိုတဲ့အခါ၊ အပြုအမူတွေကိုပါ သူ့တစ်ယောက်ထဲအတွက် ကိုယ်ပိုင်အနေနဲ့ ထိန်းချုပ်လိုမိတဲ့အခါ။

"အဆင်ပြေရဲ့လား"

"အင်း"

ခပ်တိုးတိုး ထွက်လာတဲ့ လေသံကြားတာနဲ့ကို အဆမတန် ခုန်ပေါက်လာတဲ့ နှလုံးသားကို အာရုံရောက်နေချိန်မှာ အရှေ့က လူသားက သူ့ကို သိုင်းဖက်လာတယ်လေ။

"ကျွန်တော့်ကို လွှတ်ပေးပါလား"

မလွှတ်ပေးရင် အနီးအနားက အခန်းတစ်ခုခုကို ကျွန်တော်တို့နှစ်ယောက် ရောက်တော့မယ်ထင်တယ်။

"ဟင့်အင်း"

ခင်ဗျားက ဘာလေးလဲ။

"..."

ရိပေါ်ရဲ့ နဖူးနားကို ထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ။

တစ်ကိုယ်လုံးက သွေးတွေ ဆောင့်ခုန်တက်ကုန်ပြီး ယိုင်လဲမတတ် ဖြစ်သွားတယ်။ အန္တရာယ် များလိုက်တာလို့ ရေရွတ်ရင်း အနားက ဖြတ်သွားတဲ့ waiter လေးဆီ ထိုးပေးမိတယ်။ ပိုက်ဆံအိတ်ထဲက ငွေစက္ကူအမြောက်အများနဲ့ သေခိာဂရုစိုက်ဖို့ တောင်းဆိုခဲ့သေးတာ။

博君一肖 AUWhere stories live. Discover now