Marketing plan

494 72 3
                                    

.
"မတွေ့ရတာ ခုနှစ်သိန်းခုနှစ်သောင်းခုနှစ်ထောင်နဲ့မှ ခြောက်ရာစက္ကန့်ရှိပြီ"

"အင်း"

"ငါက မှတ်ထားတာတော့ မဟုတ်ပါဘူး။ ဒီတိုင်း ဉာဏ်ကောင်းလို့"

"အင်း"

"ဒါနဲ့ မင်းကဘာလို့ သူကြိုက်တဲ့အစိမ်းရောင်ကြီး ဝတ်လာရတာလဲ"

"ရှောင်းကျန့်!"

ထအော်မိတော့လည်း သူဘာမှမပြောမိသလို မျက်နှာထားနှင့်ရှောင်းကျန့်က အရှေ့မှာချထားတဲ့ ကော်ဖီခွက်ကိုယူမော့သည်။

လူပျိုကြီးတွေ ရည်းစားပူမိရင် အဲ့လို။

"မင်းပဲ စဉ်းစားကြည့်"

ငါနည်းနည်းလေးမှတော့ မစဉ်းစားကြည့်ချင်ဘူးကွာ။ သူထုတ်ပြောဖို့တွေးမိပေမယ့် ရှောင်းကျန့်ရဲ့မျက်နှာအမူအယာကိုမြင်တော့လည်း ပါးစပ်ကတန်းပိတ်ရပြန်သည်။

"အင်း"

"အဲ့ဒီကောင်လေးက....."

🍃

တက္ကသိုလ်ဈေးရောင်းပွဲတော်နေ့ဆို ရှောင်းကျန့်က အိပ်ရေးဝဝအိပ်ဖို့ တစ်ရက်ရတယ်လို့ပဲ တွေးသည်။ ဘယ်လိုပဲပြောပြော မဟာတန်းကျောင်းသားဘဝမှာ တစ်ခုထဲသောပျော်ရွှင်မှုက အိပ်ရေးဝဝအိပ်ရခြင်း မဟုတ်ပါလား။

ဒီနေ့က သာယာလှပတဲ့နေ့ကလေးဖြစ်တာကြောင့် ထပ်ပြီး အိပ်ဖို့ဦးတည်လိုက်သည်။

ဆိုကာမှ ကျက်သရေတုန်းလှတဲ့ ဖုန်းမြည်သံ။

ဌာနမှူးက ဈေးရောင်းပွဲတော်ကို လာမကူပေးတဲ့သူတွေကို attendance မပေးဘူးဆိုတဲ့ သတင်းစကားကြောင့် အိပ်ယာကလူးလဲထရင်း မီးပူမတိုက်ဖြစ်ဘဲလုံးထွေးထားတဲ့ ရှပ်တစ်ထည်ကိုဆွဲယူရသည်။ ပုံမှန်ရက်တွေမှာဆို ရှောင်းကျန့်က အင်္ကျီကချည်စတစ်စထွက်နေတာလားကအစ အသေးစိတ်လိုက်ကြည့်ရင်း အရမ်းကိုသေသပ်သပ်ရပ်တဲ့ စီနီယာအကိုကြီးဖြစ်ပေမယ့် ဒီနေ့ကတော့။

ဒီနေ့ကတော့ ထားလိုက်စမ်းပါ။

ကိုယ့်ကိုယ်ကိုယ် ကထိကလိုလို ပါမောက္ခလိုလိုအထင်ရောက်စေတဲ့ ရွှေကိုင်းမျက်မှန်နဲ့ ငွေကိုင်းမျက်မှန်ကလည်း ဘယ်သောင်ဘယ်လမ်းဘယ်ဆိပ်ကမ်းကိုရောက်နေမှန်းမသိတာကြောင့် အသင့်တွေ့ရာကော်ကိုင်းမျက်မှန်ကိုပဲ ကောက်တပ်လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Aug 27, 2023 ⏰

Add this story to your Library to get notified about new parts!

博君一肖 AUWhere stories live. Discover now