(Unicode)
ရှောင်းကျန့်ကဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်ကိုသေချာဖတ်တယ်ပြီးတော့ သူ့ဖုန်းမှာပြထားတဲ့နေရာဟုတ်မဟုတ်တစ်ခေါက်ထပ်စစ်တယ်။ မှန်သားပဲ။ဆိုင်ခန်းတံခါးကိုတွန်းဖွင့်လိုက်တာနဲ့ အပြင်ကခြောက်သွေ့ဖုန်တတ်နေတဲ့နေရာပုံစံနဲ့ တကယ့်ကိုတစ်ခြားစီ။ သီချင်းသံဆူဆူညံညံနဲ့အတူ မလုံ့တလုံကောင်မလေးတွေရော။ စီးကရက်နံ့တွေ၊ ဘီယာခွက်တွေ၊ မီးရောင်စုံတွေ၊ ရေမွှေးနံ့ပြင်းပြင်းတွေ။
"ဟေး ယူတစ်ယောက်ထဲလား"
သူ့ ပခုံးပေါ်လက်တင်လာတဲ့ကောင်မလေးကို ဖယ်ချလိုက်ရတယ်။
"ကိုယ့် ညီလေးကိုလာရှာတာ"
"အိုကေ မနှောင့်ယှက်တော့ဘူး"
ဘေးကနေကောင်မလေး ဖယ်သွားမှသူ့ကိုပဲနာမည်ပြောပြီးမေးလိုက်မိရင်အကောင်းသားလို့ တွေးမိပြန်ပါရော။ မဖြစ်သေးပါဘူး ထားလိုက်ပါတော့။ အခုဘယ်မှာလဲ ကျန်းဖန်ရှင်း။ ဒီကောင့်ကိုမအူမလည်လေးမို့ သူ့လိုပဲဝမ်းကွဲအကိုနောက်တစ်ယောက်ဝမ်ကျိုးချန်ကိုစောင့်ရှောက်ပေးပါလို့ အပ်ထားမိတာကိုကသူ့အမှား။ ဝမ်ကျိုးချန်ရဲ့သူငယ်ချင်းကောင်းတွေအကြောင်း သူတကယ်မေ့သွားတယ်။ မိမနိုင် ဖမနိုင်လေးတွေ။
ဒီ သောက်ကောင်လေး ကျန်းဖန်ရှင်းကဘယ်မှာလဲ။ လူရှုပ်ရှုပ်ကြားမှာ သူတကယ်ပဲခေါင်းမူးလာပြီ။
ပခုံးကိုလာပုတ်တဲ့အထိအတွေ့ကြောင့် နောက်လှည့်ကြည့်မိတယ်။
"ညီလေး တစ်ယောက်ထဲလား။ ကိုကြီးတို့နဲ့မပျော်ချင်ဘူးလား"
"..."
မူးရူးနေတဲ့ပုံစံနဲ့လူသုံးယောက်က အနားကပ်လာတယ်။ ဒီလူတွေကသူ့အတွက် တစ်ချက်ပိတ်ကန်စာလောက်ပဲရှိပေမယ့် ဒီလိုနေရာမျိုးမှာပြဿနာမဖြစ်ချင်ဘူး။
"ကိုကြီးတို့ကပျော်အောင် ထားပေးမှာပါ"
"ဒါ ကျွန်တော့်လူ"
လက်သီးကြိုပြင်နေတာကို လှန်းဆွဲရင်းနောက်လက်တစ်ဖက်နဲ့ ပုခုံးကိုပါသိုင်းဖက်ခံလိုက်ရတယ်။ တစ်ယောက်ရေမွှေးနံ့တစ်ယောက် အလုံအလောက်ရှူရှိုက်ရလောက်အောင်နီးကပ်တဲ့အခြေအနေနဲ့။
![](https://img.wattpad.com/cover/207326078-288-k578604.jpg)
YOU ARE READING
博君一肖 AU
FanfictionYizhan one shot collection. Actually two shots and three shots included.