Naivety

2.6K 469 74
                                    

(Unicode)
"ဝမ်ရိပေါ် ပြဿနာဖြစ်ရင် ကျောင်းမှာပဲအပြီးရှင်းခဲ့။ အိမ်သယ်မလာနဲ့"

ကားပေါ်ကနေ မြေကြီးကိုခြေထောက်နှစ်ဖက် စုံချမိရုံရှိသေးထွက်ပေါ်လာတဲ့ဆိုဆုံးမသံခေါ်ရမလား ဘာလားမသေချာတဲ့အမှာစကား။ ကျောပိုးအိတ်ကိုပခုံးပေါ်ပစ်တင်ကာ ခပ်​ဖြည်းဖြည်းမှန်မှန်လျှောက်လာရင်း ဘယ်ဘက်လက်ကိုအပေါ်မြှောက်ပြီး Victory pose လုပ်ပြလိုက်တယ်။ အကိုကြီးနားလည်ပါစေလေ။

---------------------------------------------❤

ကျောင်းဝင်းတံခါးနားကို ရောက်ပြီဆိုတာနဲ့တွေ့ရပါပြီ သတိအနေအထားလိုကိုရပ်နေတဲ့ တစ်စုံတစ်ယောက်။ ဝမ်ရိပေါ်ကိုယ်ပေါ်မှာတော့ မသပ်မရပ်ရှိလွန်းတဲ့ကျောင်းဝတ်စုံက ထိုလူရဲ့ကိုယ်ပေါ်မှာတော့ အချိုးအစားကျနစွာ။ ဟုတ်တယ် တစ်ကျောင်းလုံးရဲ့စံပြကျောင်းသားရှောင်းကျန့်။ ပြီးတော့ နောက်ဂုဏ်ပုဒ်တစ်ခုအနေနဲ့ဆို ဝမ်ရိပေါ်အသည်းတယားယားစနေမိတဲ့ အတန်းကြီးအကိုကြီး။

"ဟေ့ကောင်လေး ရပ်"

"ဟုတ်ကဲ့ခင်ဗျ"

ဘယ်သူပဲနားထောင်ထောင် ရိုသေလေးစားသမှုအပြည့်ပါတဲ့လေသံနဲ့ ပြန်ထူးရင်းသတိဆွဲရပ်နေပေးလိုက်တယ်။ စိတ်ပျက်လက်ပျက် သက်ပြင်းချသံကြားရတာ ရယ်ချင်ပေမယ့်မရရအောင် အောင့်ထားရင်း။

"ကျောင်းသား ဝမ်ရိပေါ်။ ဆံပင်အရောင်ဆိုးထား။ နားကပ်ပန်ထား။ ကျောင်းဝတ်စုံသပ်သပ်ရပ်ရပ်မဝတ်"

ဘေးလာရပ်တဲ့ရှောင်းကျန့်ဆီက ရေမွှေးနံ့ခပ်သင်းသင်းကို တံဆိပ်အခုထိရှာမရသေးကြောင်းသတိရသွားသေးတယ်။ သူသုံးမလို့မဟုတ်ပါဘူး။ အနံ့ကလေးက စိတ်ကြည်စေတယ်ခံစားရလို့ တစ်ဘူးလောက်သိမ်းထားမလားလို့။

"မင်္ဂလာနံနက်ခင်းလေးပါ ကျန့်ကော"

"ဝမ်ရိပေါ်"

"မျက်မှောင်ကြုံ့ရင် အာရုံကြောတွေအများကြီးသုံးရတယ်ဗျ။ ပြုံးနေကြည့် ဒီလိုလေး"

"မင်း"

"ဒါပေမယ့် ကျန့်ကောကဘယ်လိုနေနေကြည့်ကောင်းတာခက်တယ်ဗျာ"

博君一肖 AUWhere stories live. Discover now