Unicode
မိသားစု ၄ယောက် Variety Show ဝင်ရိုက်ကြမယ်
_______________________________''တိတိရော လိုက်လို့မရဘူးလား '' ချီချီ ကျန်းမော့ချန်ကိုလှမ်းမေးလိုက်သည်။
'' မသွားလို့မရဘူးရယ်တော့မဟုတ်ပါဘူး ဒီတိုင်း ယန့်ယန့်က အရမ်းငယ်သေးလို့ပါ ဒီလို အရွယ်လေးတွေ Showထဲဝင်ရိုက်တာမြင်ဖူးလား '' ကျန်းမော့ချန် ယန်းချင်းချီဘက်လှည့်မေးလိုက်သည်။
ယန်းချင်းချီ စဥ်းစဥ်းစားစားပြန်ဖြေလာသည်။
'' ရှိတော့ရှိမှာပေါ့ ကျွန်တော်တို့သတိမထားမိတာဖြစ်မှာပါ ''
ထို့နောက် သူ ယန့်ယန့်ကိုကြည့်ကာ
'' ယန့်ယန့်ရော ပါးပါးတို့နဲ့အတူတူလိုက်ချင်လို့လား ''
ယန့်ယန့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြရင်း
'' လိုက်ချင်တယ် ''
'' ဒါပေမဲ့ အဲ့မှာ ဦးဦး၊တီတီတွေက မစ်ရှင်တွေပေးပြီး စိန်ခေါ်မှုပိစိလေးတွေလုပ်ခိုင်းလိမ့်မယ် သားမကြောက်ဘူးလား ''
'' မစ်ရှင်တွေ၊စိန်ခေါ်မှုတွေဆိုတာက ဘာလဲ '' ယန့်ယန့်နားမလည်ပါ။
'' သားအခုလုပ်နိုင်တာထက် နည်းနည်းလေးပိုခက်တဲ့အရာတွေကို လုပ်ခိုင်းတာပေါ့ ''
'' ပါးပါးကူလုပ်ပေးလေ ''
''ပါးပါးတို့က ကူလုပ်ပေးလို့မရဘူး ''
'' ဒါဆို ကောကောကူလုပ်ပေး ''
ဒီကလေးက ငယ်သေးပေမဲ့ သူများကိုဘယ်လိုခိုင်းစားရမလဲ သေချာနားလည်နေပြီဖြစ်တာကြောင့် ယန်းချင်းချီ ခပ်ဖွဖွရယ်လိုက်ကာ
'' ကျိန်းသေပေါက် မင်းကောကောက ကူလုပ်ပေးလို့ရတာပေါ့ ဒါပေမဲ့အဲ့အချိန်ကျရင် ကောကောပြောသမျှ တသွေမသိမ်းအကုန်နားထောင်ရမှာနော် ဟုတ်ပြီလား ''
'' ဟီးဟီး ကျိန်းသေပေါက်ပေါ့ '' ယန့်ယန့်က ခြေထောက်ပုတိုလေးနှစ်ချောင်း လွှဲခါရင်း '' သားက အရမ်းလိမ္မာတယ်~ အရမ်းစကားနားထောင်တယ်~ ''
'' ဟုတ်လား ဒါဆို ပါးပါးတို့ယန့်ယန့်လေးက အရမ်းတော်တာပဲ ''
ယန်းချင်းချီ ချီးကျူးပေးလိုက်လေသည်။

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
General Fictionဖန် ထွမ်စလေးရှင်း After marriage