Extra 28

11.4K 1.2K 19
                                    

Unicode

ချီချီ့ရဲ့ပေါ်ပြူလာဖြစ်မှုက ရှေ့ကနေဦးဆောင်နေ၊ ယန့်ယန့်တစ်ယောက် Fanအသစ်တွေအများကြီးထပ်ရ
________________________________

[ ကြည့်လို့ကောင်းလိုက်တာ !!!ငါက ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့မိသားစုကို ဝင်ကြည့်တဲ့ ဖြတ်လျှောက်တစ်ယောက်ပါ ယောက်ျားကြီးနှစ်ယောက် ကလေးဘယ်လိုထိန်းကြမလဲ သိချင်လို့ ဝင်စပ်စုမိရုံတင် မနေ့ညက ကြည့်ကြည့်လိုက်မှ အဲ့မိသားစု ဘယ်လောက်ချစ်ဖို့ကောင်းမှန်း အခုမှသိတော့မယ် !!လင်လင်နှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်ချစ်ကြတယ် ကလေးတွေကလည်း အရမ်းချစ်ဖို့ကောင်းတာပဲ အထူးသဖြင့် ပေါင်ပေါင်နှစ်ယောက် ဒီလိုလိမ္မာသိတတ်အောင် သူတို့ဘယ်လိုများသင်ပြထားကြတာလဲဟယ် Seasonတွေအများကြီး၊ ကလေးတွေအများကြီးရှိတဲ့အထဲမှာမှ ချီချီတစ်ယောက်ပဲ သူများဟင်းသီးဟင်းရွက်တွေကို တစ်ခုခုနဲ့လဲမယ် အလကားမယူဘူးလို့ ပြောခဲ့တာ ဘယ်လောက်လိမ္မာသိတတ်လိုက်သလဲ ကြည့်ကြပါဦး ငါ့မှာသာ အဲ့လိုကလေးမျိုးလေးရှိရင် ညလယ်ခေါင်ကြီး နိုးလာရင်တောင် ထရယ်နေလောက်တယ် ]

[ အပေါ်ထပ်ပြောတာမှန်တယ် ချီချီကအရမ်းသိတတ်တာပဲ သူ့ညီလေးကိုလည်း တစ်လမ်းလုံးဂရုစိုက်လိုက်တာမှ ယန့်ယန့်လေး အာလူးလိုက်ကောက်ဖို့ တောင်ကုန်းကိုပြေးဆင်းတော့ သူ့ခင်ဗျာ သူ့ညီလေးလဲမှာစိုးလို့ မပြေးနဲ့ဆိုပြီး ထအော်တာ သူကိုယ်တိုင်လက်တွဲဆင်းတယ်လေ ]

[ ပြီးတော့ လမ်းတစ်လျှောက်လုံးလည်း သူ့ညီလေးသူ ဆူခြင်းရိုက်ခြင်းမရှိဘူးနော် ငါတို့အိမ်ကအစ်ကိုတွေများ အငယ်တွေပေါက်ကရလုပ်ရင် ဆူလိုက်ရိုက်လိုက်ရမှ ချီချီကအဲ့လိုမလုပ်ဘူး သူ့ညီလုပ်လို့အာလူးတွေပြုတ်ကျသွားလည်း တိတ်တိတ်ကလေးပြန်ကောက်ပေးတာပဲ ]

[ အဲ့ဒါဘာလို့လဲဆိုတော့ ယန့်ယန့်က အရမ်းချစ်ဖို့ကောင်းနေလို့လေ! ယန့်ယန့်က ဘယ်လောက်ချစ်ဖို့ကောင်းပြီး လိမ္မာလိုက်သလဲ ချီချီပြောသမျှလည်း နားထောင်တယ် ချီချီကထဆို ငိုတာဂျီတာမရှိဘဲ ထလိုက်တာပဲ ပြီးမှသူ့အစ်ကိုကိုချွဲပြီး ဖက်ထားခိုင်းတာကတမျိုး ချီချီက မပြေးနဲ့၊မလှုပ်နဲ့ဆို သူ့ခင်ဗျာ နေရာလေးမှာ လိမ်လိမ်မာမာလေးရပ်ပြီး သူ့အစ်ကိုလာခေါ်မှာကိုစောင့်နေတာပဲ ငါသာချီချီဆို အဲ့လိုညီလေးမျိုးကို မချစ်ပဲနေမလား ]

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now