Unicode
《 The Family 》Variety Showမှ ဖိတ်ခေါ်စာ
_______________________________ချီချီ့အကြောင်းပေါ်သွားတာက နည်းနည်းလေးတော့ ရုတ်တရက်ဆန်သည်။ ထိုနှစ် နွေရာသီဝင်ခါစအချိန်မှာ ယန်းချင်းချီ သူလက်ခံထားတဲ့ brandအတွက် အိမ်မှာ Liveလွှင့်ပြီး ကြော်ငြာပေးနေတုန်း ထိုအခန်းထဲ ချီချီကရုတ်တရက်ကြီး ပြေးဝင်လာတဲ့အတွက် လူတိုင်းက ချီချီ့ရဲ့တည်ရှိမှုကို သိသွားကြလေသည်။
ထိုကိစ္စဖြစ်သွားတဲ့နေ့မှာ ကျန်းမော့ချန်ကတော့ ထုံးစံအတိုင်း ကုမ္ပဏီကို စောစောသွားခဲ့သည်။ကလေးနှစ်ယောက်အိပ်နေသေးတာမြင်တော့ ယန်းချင်းချီ ဖုန်းကို စာကြည့်ခန်းထဲယူလာကာ ထိုထဲမှာ Live လွှင့်ဖို့ပြင်လိုက်လေသည်။
Liveလွှင့်ရသည့် ရည်ရွယ်ချက်မှာ ရိုးရိုးရှင်းရှင်းပင်။ Brandနဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပရိုမိုးရှင်းဆင်းပေးဖို့နှင့် Fanလေးတွေ မေးတာဖြေပြီး ဟိုအကြောင်းဒီအကြောင်း ရင်းရင်းနှီးနှီးဆွေးနွေးကြဖို့ဖြစ်သည်။ သို့သော် အခုတစ်ခေါက်က ယန်းချင်းချီအတွက် ပထမဦးဆုံး Liveလွှင့်ကြော်ငြာဖူးခြင်းဖြစ်တာကြောင့် Brandဘက်ကပေးလိုက်သည့်စာတွေကို ရွှန်းရွှန်းဝေအောင် တစ်ဆင့်ခြင်းပရိုမိုးရှင်းဆင်းပေးပြီးနောက် စာတွေအားလုံးဖတ်ပြီးသွားသည့်အခါ ဘာဆက်ပြောရမှန်းမသိတော့ပါ။ သတ်မှတ်ထားသည့် Live ပိတ်ချိန်ကလည်း မိနစ်၂၀တောင်လိုသေးတဲ့အတွက် တက်လာသည့် commentsလေးတွေဖတ်ကာ ဖြေချင်တာလေးရွေးဖြေနေလိုက်သည်။
'' အခုတလော ရုပ်ရှင်ရိုက်ဖို့ အစီအစဥ်ရှိလား? ရှိတယ် ဒါပေမဲ့ ရွေးနေတုန်းပဲ လတ်တလောတော့ သင့်တော်တဲ့ဇာတ်ညွှန်းမတွေ့သေးဘူး ''
'' ကောကော အခုအိမ်မှာလား? အင်း အိမ်မှာ အခုပြောနေတာ စာကြည့်ခန်းထဲမှာ ''
'' စီအီးအိုကျန်းရောအိမ်မှာရှိလား? ဟင့်အင် သူအိမ်မှာမရှိဘူး အလုပ်သွားတယ် ''
'' အိမ်မှာဆို ကောကောနဲ့ စီအီးအိုကျန်းထဲမှာ ဘယ်သူက ပုံမှန် ထမင်းဟင်းချက်လဲ? '' ယန်းချင်းချီ ရယ်လိုက်ကာ '' ကိုယ့်အကြောင်းပဲမေးနေတော့မှာလား Brandအကြောင်းလည်းမေး.... ''

STAI LEGGENDO
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Narrativa generaleဖန် ထွမ်စလေးရှင်း After marriage