Unicode
To Mr.Q အကြောင်း
_____________________________သာယာလှပတဲ့နေ့လည်နေ့ခင်းလေးမှာတော့ နေမင်းကြီးက တောက်တောက်ပပပူပြင်းနေလေသည်။ ကွမ်းမော့ Weiboပွတ်နေချိန် ရုတ်တရက်ကြီး မရင်းနှီးသည့် IDနာမည်တစ်ခု Newfeedမှာ ပေါ်လာခဲ့သည်။ _______ To Mr.Q & Mr.Y။ ကွမ်းမော့ တစ်ခဏလောက်ကြောင်အသွားကာ နာမည်ကိုသေချာပြန်စစ်ပြီးမှ တဖက်လူAccထဲ ဝင်ကြည့်လိုက်ချိန် To Mr.Qက [ Weibo Acc Name ပြောင်းလိုက်ပြီ ] ဟု တင်ထားတာကို တွေ့လိုက်ရသည်။ ထို postဖြင့်တွဲတင်ထားသည့်ပန်းချီလေးမှာ ကောင်ငယ်လေးနှစ်ယောက် စီးဆောစီးနေသည့် chibiပုံလေးဖြစ်သည်။ ပုံထဲမှာ အသက်ငယ်တဲ့ကောင်လေးက စီးဆောပေါ်ထိုင်ရင်း လေပေါ်အမြှောက်ခံထားရလို့ ဆူပုတ်ပုတ်ဖြစ်နေစဥ် အသက်နည်းနည်းကြီးပုံရတဲ့ကောင်လေးက အငယ်ကောင်လေးကိုကြည့်ပြီး ပျော်ပျော်ရွှင်ရွှင်ရယ်မောနေခဲ့သည်။
ကွမ်းမော့ Comments Sectionထဲဝင်ကြည့်လိုက်တော့ တချို့ Fanတွေကလည်း ထိုကိစ္စအကြောင်းမေးထားကြသည်။
[ တာ့တာ့ ဘာလို့ရုတ်တရက်ကြီး နာမည်ပြောင်းလိုက်တာလဲ Mr.Yက ဘယ်သူလဲ ]
နောက်တစ်ယောက်ကလည်း ထပ်မှန်းထားပြန်သည်။
[ Mr.Qနဲ့ Mr.Yဆိုတာ ဒီပုံထဲက ကလေးလေးနှစ်ယောက်ကို ပြောချင်တာများလား အကြီးလေးက Mr.Qဆို အငယ်လေးက Mr.Yလေ တာ့တာ့ရဲ့ပုံက သူ့ကလေးတွေသူ ဆွဲထားတာများဖြစ်နေမလား ]
ကွမ်းမော့လည်း ထိုCommentက ဖြစ်နိုင်ခြေရှိသည်ဟု တွေးလိုက်မိသည်။ To Mr.Qကို တရုတ်လိုဘာသာပြန်လိုက်လျှင် Mr.Qဆီသို့၊ Mr.Qအတွက် ဒါမှမဟုတ် Mr.Qကိုပေးမည်ဟု အဓိပ္ပါယ်သက်ရောက်တာကြောင့် Mr.Qဆိုတာ ကလေးဖြစ်နိုင်သည်။ ထို့အပြင် To Mr.Qဆွဲသည့်ကာတွန်းပုံပြင်တွေက ကလေးတွေအတွက် အသားပေးရေးဆွဲထားသည့် ပုံပြင်လေးတွေဖြစ်တာကြောင့် To Mr.Qက မိဘတစ်ယောက်ဖြစ်နိုင်သည်။ အခု Mr.Yလေးပါရှိနေပြီဆိုတော့ သူဆွဲတဲ့ပုံပြင်တွေက သူ့ကလေးနှစ်ယောက်စလုံးကြည့်ဖို့ အကြောင်းဖန်လာပြီဖြစ်သည်။ ထို့ကြောင့် Weibo Acc nameကို တစ်ယောက်နာမည်ကနေ နှစ်ယောက်နာမည်ချိန်းလိုက်တာကတော့ သဘာဝပင်။

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
General Fictionဖန် ထွမ်စလေးရှင်း After marriage