Unicode
လက်ထပ်ပြီးနောက် (3)
_________________________________ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့ သူတို့ရဲ့လက်ရှိဆက်ဆံရေးကို လူထုရှေ့ချပြပြီးနောက်မှာ ဘယ်လိုအကျိုးကျေးဇူးကောင်းတွေရရှိသွားပါသလဲ။ လူတွေသံသယဝင်မှာကို မစိုးရိမ်ရတော့ပဲ ပူးပူးကပ်ကပ် လွတ်လွတ်လပ်လပ်နေပြလို့ရခြင်း၊ ဘာပွဲလမ်းသဘင်ဖြစ်ဖြစ် နှစ်ယောက်သား ရွှေလက်တွဲ၍ ပွဲတက်လို့ရခြင်း စသည်၊ စသည်။
ကျန်းမော့ချန် ထိုအခြေအနေကို အရမ်းကျေနပ် သဘောကျနေသည်။ အခုဆို နှစ်ယောက်အတူတူ ဘယ်ပွဲတက်တက် ယန်းချင်းချီအနားကြိုက်သလောက်ကပ်လို့ရပြီး လူအရိပ်အခြေကြည့်စရာမလိုပဲ ပြောချင်တာပြောလို့ ရသည့်အခြေအနေမျိုးဖြစ်သည်။
နှစ်ယောက်စလုံးက အနုပညာလောကထဲမှာ ပထမဦးဆုံးနဲ့တစ်တွဲထဲသော တရားဝင်လက်ထပ်ထားသည့် လိင်တူစုံတွဲတစ်တွဲဖြစ်တာကြောင့် အရမ်းကိုနာမည်ကြီးနေလေသည်။ ဘယ်အချိန်ဖြစ်ဖြစ် ဘယ်နေရာရောက်ရောက် မီဒီယာတွေရဲ့အထူးအာရုံစိုက်မှုကိုခံနေရကာ တစ်ချို့ သတင်းထောက်တွေဆို ကျန်းမော့ချန်ရဲ့ အနာဂတ်အစီအစဥ်တွေမေးရင်း ကလေးယူဖို့အစီအစဥ်ရှိသေးလားဟုပါ မေးလာကြသည်။ ထိုအချိန်ဆို ဝူယွမ်က ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်သည့်မေးခွန်းတွေ မဖြေကြားပါဘူးဟု ဝင်,ဝင်တားပေးရတာအမော။
ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့နှစ်ယောက် ကလေးတွေကိစ္စနဲ့ပတ်သက်ပြီး နှစ်ကိုယ်ကြား ဆွေးနွေးတိုင်ပင်ထားပြီးသားဖြစ်သည်။ ယန်းချင်းချီရဲ့ အတွေးကတော့ ရေလိုက်ငါးလိုက် နေလိုက်မည်ဟုသာ။ တစ်ယောက်ယောက်က ကလေးနှစ်ယောက်ကို ဓာတ်ပုံရိုက်မိသွားသည်ဖြစ်ပါစေ၊ ဒါမှမဟုတ် သူတို့နှစ်ယောက်ဆီမှာ ကလေးတွေရှိနေတာကို မတော်တဆ ဖော်မိသွားသည် ဖြစ်ပါစေ အဲ့လိုတွေဖြစ်လာခဲ့လျှင် အတင်းလိုက်ဖုံးဖိမနေပဲ သိကာမှသိစေတော့ လုပ်လိုက်မည်။ တကယ်လို့ ကလေးတွေအရွယ်ရောက်လာတဲ့အထိ ဘယ်သူမှသတိမထားမိဘူးဆိုလျှင်လည်း သူတို့ဘက်ကနေ စပြီး ထုတ်ဖော်ပြဖို့ ဆန္ဒမရှိပါ။

أنت تقرأ
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
قصص عامةဖန် ထွမ်စလေးရှင်း After marriage