Extra 14

11.8K 1.5K 36
                                    

Unicode

ညီအစ်ကိုနှစ်ယောက်ကလည်း လက်ချင်းတွဲပြီး လျှောက်ကြမယ်၊ ချန်ချီလင်လင်နှစ်​ယောက်ကလည်း ဘေးချင်းကပ်ပြီး လျှောက်ကြမယ်
________________________________

ကလေးလေးနှစ်ယောက် ခြံထဲဝင်ဝင်ချင်း ' ဝုတ် ဝုတ်' ဆိုတဲ့ ခွေးဟောင်သံအကျယ်ကြီး ကြားလိုက်ရတာကြောင့် ယန့်ယန့်လန့်သွားကာ ဘေးဘီဝဲကြည့်လိုက်တော့ ခြံထောင့်မှာ ကြိုးချည်ထားသည့် ခွေးဝါကြီးတစ်ကောင်ကိုမြင်လိုက်ရသည်။

ယန့်ယန့်ကလည်း သင်လွယ်တတ်လွယ်လေးဖြစ်တာကြောင့် သူ့အတိုင်း နှစ်ခါပြန် ' ဝုတ် ' တော့ ခွေးကြီးကသူ့ကိုရန်စလာတယ်ထင်ပြီး အရင်ကထက်အသံကျယ်ကျယ်ဖြင့် ဆိုးဆိုးရွားရွား ထိုးဟောင်လာလေသည်။ ကြောက်သွားတဲ့ ယန့်ယန့်လေးကတော့ ချီချီ့အနောက်ပြေးပုန်းရင်း သူ့အစ်ကိုကိုတိုင်တောနေသည်။

'' ဒီခွေးက အရမ်းကြောက်ဖို့ကောင်းတယ် မလိမ္မာဘူး ''

ချီချီက သူ့နောက်ကျောလေးကိုပွတ်ရင်း အ​ကြောက်ဖြေပေးသည်။

'' မကြောက်နဲ့နော် ကောကောတို့ သူ့အနားမကပ်ပဲနေကြမယ် တိတိလည်း သူဘယ်လိုဟောင်လဲ​လိုက်မဟောင်နဲ့ ဟုတ်ပြီလား ''

ယန့်ယန့်ခေါင်းငြိမ့်ပြကာ ချီချီ့ဒီဘက်ကနေ ဟိုဘက်ကိုပြောင်းပြီး

'' ကောကော သား ဒီဘက်ကနေလျှောက်မယ် ''

ကလေးတကယ်ကြီးကြောက်သွားတာမြင်တော့ ချီချီ ယန့်ယန့်ကိုပွေ့ဖက်ထားရင်း ချော့နေရသည်။

'' ဘာမှမဖြစ်ဘူးနော် သူ့ကိုချည်ထားပြီးသား ကောကောတို့ကိုမကိုက်နိုင်ဘူး ''

သူတို့နှစ်ယောက်လျှောက်သွားကြစဥ် ပွင့်နေသောအိမ်တံခါးကြီးနောက် လိုက်ကာစပင့်မခံလိုက်ရကာ တဆက်တည်း အသံတစ်သံပါထွက်လာသည်။

'' ဘယ်သူလဲ ဘယ်သူလာတာလဲ ''

ချီချီနဲ့ ယန့်ယန့် အသံလာရာအတိုင်းမော့ကြည့်လိုက်တော့ အဖိုးအိုတစ်ယောက်အိမ်ထဲကနေထွက်လာသည်။ အဖိုးအိုက သူတို့ကိုမြင်တော့ အနည်းငယ်အံ့အားသင့်သွားသည့် မျက်နှာဖြင့်

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now