Unicode
ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ ယုန်လေးကိုဝိုင်းလုနေကြပြီ
_______________________________ယုန်ဆိုသည့်စကားလုံးက လုမြန်မြန်အတွက် အထူးအဆန်းဖြစ်နေသဖြင့် ယန့်ယန့်အနားအပြေးရောက်လာပြီး
'' တကယ်ကြီး ယုန်လေးပဲ ''
သူမ ယုန်လေးကိုလှမ်းပွတ်လိုက်ကာ ယုန်ပိုက်ထားသည့်ယန့်ယန့်ကိုပြန်ကြည့်လိုက်သည်။ သူမက ယန့်ယန့်ထက်တစ်နှစ်ကြီးပေမဲ့လည်း အရပ်ကရွယ်တူနီးပါးဖြစ်နေတာကြောင့် မိန်းကလေးပီပီ စပ်စုချင်စိတ်ဖြင့်
'' နင့်အသက်ကဘယ်လောက်လဲ ''
'' နှစ်နှစ်ခွဲ '' ယန့်ယန့်ကပြန်ဖြေသည်။
'' ယား ဒါဆို ငါက နင့်ထက် တစ်နှစ်ကြီးတာပေါ့ '' လုမြန်မြန်အံ့သြသွားလေသည်။ ဒီအစီအစဥ်ထဲ ပါသည့်ကလေးတွေအားလုံးထဲမှာ သူမကိုယ်သူမအငယ်ဆုံးဟုထင်မှတ်ထားတာကြောင့် သူမထက်ငယ်သည့်ကလေးလေးတစ်ယောက် ရှိနေလိမ့်မယ်လို့တော့ မထင်ခဲ့မိပေ။ '' ဒါဆို နင်ငါ့ကို ကျယ်ကျဲလို့ခေါ် ''
ယန့်ယန့်က မျက်ခုံးကြီးကြုံ့ရင်း
'' မခေါ်ဘူး ''
'' ဘာလို့လဲ ''
ယန့်ယန့် သူမကိုကြည့်ပြီး ပြန်ဖြေလာသည်က
'' ငါမှနင်နဲ့မရင်းနှီးတာ ''
'' ရပါတယ် '' လုမြန်မြန် ယန့်ယန့်ကို ပြုံးပြလိုက်ကာ '' နောက်ကျရင်းနှီးသွားရင် ငါ့ကို ကျယ်ကျဲလို့ခေါ်ရမယ်နော် ''
သူမ လုဝမ်ကျင်ဘက် ပြန်ပြေးသွားပြီး ဖအေကိုမော့ကြည့်ရင်း အံ့သြတကြီးပြောလာသည်။
'' ပါးပါး သမီးက အငယ်ဆုံးကလေးလေးမဟုတ်တော့ဘူး ဟိုနားက တိတိလေးဆို သမီးထက်တစ်နှစ်တောင်ငယ်တယ် ''
လုဝမ်ကျင်လည်း ဒီအစီအစဥ်ထဲ သူ့သမီးထက် ငယ်သည့်ကလေးတစ်ယောက် ပါလာမည်ဟုမထင်လိုက်တာကြောင့် ယန့်ယန့်ဘက်တစ်ချက်လှည့်ကြည့်ပြီးနောက် လုမြန်မြန်ကိုပြန်ကြည့်ကာ
'' ဒါဆို ကောကော တိတိတို့နဲ့ တည့်အောင်နေနော် ဘာမဟုတ်ပဲ စိတ်ဆိုးစိတ်ကောက်တာတွေ မလုပ်နဲ့ ''
![](https://img.wattpad.com/cover/323538121-288-k375219.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
General Fictionဖန် ထွမ်စလေးရှင်း After marriage