Extra 26

12K 1.3K 11
                                    

Unicode

မိသားစုလေးယောက် Variety Show အတူတူကြည့်ကြမယ်
_______________________________

၈လပိုင်း ၇ရက်နေ့မှာတော့ ကျန်းမော့ချန်နဲ့ယန်းချင်းချီတို့ မုန့်တွေကြိုပြင်ဆင်ထားပြီး ကလေးတွေနဲ့အတူတူ TVရှေ့မှာ ထိုင်စောင့်နေကြသည်။ ချီချီနဲ့ယန့်ယန့်က သူတို့မိသားစုလေးယောက်လုံး TVမှာပေါ်လာမယ်လည်းကြားရော အလွန်စိတ်လှုပ်ရှားသွားကြကာ ထိုနေ့တွင် လီမွန်Channelက သတင်းကြော်ငြာနေသေးတာတောင် သူတို့ခင်ဗျာ သတင်းစစလာကတည်းက မညီးမညူ ထိုင်ကြည့်နေကြပြီး သူတို့ဘယ်အချိန်ပေါ်လာမလဲ၊ ပေါ်လာမလဲ တမျှော်မျှော်ဖြင့် စောင့်နေကြလေသည်။

'' ဘာလို့ သားတို့မပါသေးတာလဲ '' သတင်းပြီးသွားတာတောင် သူတို့မပေါ်လာသေးပဲ ကြော်ငြာတွေဆက်တိုက်လာနေတာကိုမြင်တော့ ယန့်ယန့်က ပါးကြီးဖောင်းပြီး ဆူပုတ်ပုတ်ဖြင့် မေးလာသည်။

'' ၁၀ နာရီထိုးတဲ့အထိစောင့်ရဦးမှာ '' ချီချီကပြန်ဖြေပြီး '' ယန့်ယန့်ဒီကိုလာ ကောကောစာသင်ပေးမယ် ''

'' စာထပ်သင်ရဦးမှာလား '' ယန့်ယန့်က သူ့အင်္ကျီစအစွန်းလေးကိုဆုပ်ကိုင်ရင်း စာမသင်ချင်သလိုလေး ပြောလာသည်။ '' မနေ့က သင်ပြီးပြီလေ ''

'' မနေ့ကသင်ပြီးသားက မနေ့ကဟာလေ ဒီနေ့သင်ရမဲ့ဟာက ဒီနေ့ကဟာ မတူဘူး '' ယန့်ယန့်က တုပ်တုပ်မလှုပ်တာကိုမြင်တော့ ချီချီ သူ့အနားလျှောက်လာပြီး ပွေ့ဖက်လိုက်ကာ '' လာပါ ဒီနေ့သင်ရမဲ့စာ သွားသင်ရအောင် ''

ယန့်ယန့်က သူ့နှုတ်ခမ်းလေးသူကိုက်ရင်း

'' ဒါဆို မနက်ဖြန်ရော သင်ရဦးမှာလား ''

'' မနက်ဖြန်တော့မသင်ရဘူး မနက်ဖြန် ကျောင်းပိတ်ရက်လေ နားရမယ် ''

'' ဒါဆို ကောကော မနက်ဖြန်ကျရင် သားနဲ့အတူတူ အိမ်ဆောက်တိုင်းဆော့ကြမယ်နော် ''

'' အိုကေ '' ချီချီက ပျော်ပျော်ရွှင်ရွှင်ပြန်ဖြေလေသည်။

ချီချီက ယန့်ယန့်ကို တရုတ်စကားလုံးရေးနည်းဖတ်နည်း ခဏလောက်သင်ပေးနေလိုက်ကာ ယန့်ယန့်ကလည်း ဉာဏ်ကောင်းတဲ့ကလေးပီပီ အခုသင်ပေး အခုရလွယ်သည်။ စာရသွားပြီးနောက် TVကြည့်ဖို့ခဏမေ့သွားခဲ့ကာ ရွှယ်ချိုအခန်းထဲပြေးပြီး ရွှယ်ချိုနဲ့ဆော့နေပြန်သည်။ ထို့နောက် ချီချီ့ကိုမော့ကြည့်ပြီး

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Dove le storie prendono vita. Scoprilo ora