Extra 11

14.7K 1.6K 44
                                    

Unicode

အချစ်စကားကို သူများတွေ ဘယ်လိုပြောလဲ လိုက်သင်၊ မိသားစုငါးစုဆုံကြပြီ
_______________________________

'' အဆင်ပြေလောက်မှာပါ '' ယန်းချင်းချီ ပြန်ဖြေလာသည်။ '' ချီချီလည်းရှိတယ်လေ ချီချီက သူ့ညီလေးကို ဝိုင်းကြည့်ပေးလိမ့်မယ် ''

'' အွန်းအွန်း '' ချီချီက ပေါဖုန်းကိုမော့ကြည့်ရင်း '' သားက သားတိတိလေးကို စောင့်ရှောက်ပေးမှာ ''

ပေါယန်ကပါ ဘေးကနေ '' သားလည်း ယန့်ယန့်ကို ချီချီနဲ့အတူတူ စောင့်ရှောက်ပေးမှာ ''

'' ဒါဆိုရင်တော့ မင်းတို့ကောကောနှစ်ယောက်ကို အလုပ်ပိုစေမိပြီ '' ယန်းချင်းချီ ရယ်ရယ်မောမောပြောလာသည်။

ချီချီနဲ့ ပေါယန်က ခေါင်းလေးတခါခါဖြင့် '' ရပါတယ် '' ဟု ပြန်ဖြေလာကြကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တခိခိရယ်ရင်း အူမြူးနေကြသည်။

《 The Family 》ပထမဦးဆုံး ရိုက်ကူးရေးလုပ်ဖို့ ရွေးချယ်ထားသည့်နေရာမှာ တရုတ်အနောက်မြောက်ပိုင်းက တောင်တန်းရွာလေးတစ်ရွာဖြစ်လေသည်။ သူတို့လူနည်းစု သက်ဆိုင်ရာလေဆိပ်မှာဆင်းပြီးသွားတာနဲ့ ထိုရွာလေးကိုရောက်ဖို့ Mini busဖြင့် ဆက်သွားကြရသည်။

ယန့်ယန့်က လမ်းတလျှောက်လုံး အိပ်ရေးဝခဲ့လို့ နိုးတောင်နိုးနေပြီဖြစ်သည်။ သူက ဖြတ်သွားသည့်ရှုခင်းမျိုးစုံကို ပြတင်းပေါက်နေတစ်ဆင့် စိတ်ဝင်တစားလိုက်ကြည့်နေကာ မြင်မြင်သမျှကိုလည်း ယန်းချင်းချီအား လက်ညှိုးထိုးပြဖို့မမေ့။

'' ကားကား သစ်ပင် ပါးပါး အဲ့ဒါ သိုးကလေးလား ''

'' ဟုတ်တယ် သိုးကလေး ''

'' ယန့်ယန့် သိုးလေးနဲ့တူတူ ဆော့ချင်တယ် '' ယန့်ယန့်က ခေါင်းလှည့်ပြီးမေးလာသည်။

ကျန်းမော့ချန်က သူ့သားသူကြည့်ပြီး

'' အခုတော့မရသေးဘူး ဒယ်ဒီတို့သွားမဲ့နေရာထိစောင့် အဲ့ရောက်မှ သိုးလေးတွေရှိမရှိ ကြည့်ကြမယ်လေ တကယ်လို့ ရှိရင်တော့ အဝေးကနေကြည့်ခွင့်ရမယ် ''

''ထိရောထိကြည့်လို့ရလား ''

ယန့်ယန့်တို့ အထွန့်တက်နေပြန်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now