Unicode
အိမ်ရွေးကြမယ်၊ အိမ်လဲခိုင်းခြင်း
_______________________________Hostက ကဒ်ငါးကဒ်ထုတ်ပြီး မတူညီတဲ့အိမ်ငါးအိမ်ကိုပြလိုက်သည်။ ယန်းချင်းချီ ချီချီနဲ့ ယန့်ယန့်ကို ငုံ့ကြည့်လိုက်ကာ
'' သားတို့ ဘယ်အိမ်ကြိုက်လဲ ''
ချီချီက သူ့ကိုပြန်မေးသည်။
''ပါးပါးရော ဘယ်အိမ်ကြိုက်လဲ ''
ယန်းချင်းချီကလည်း သူလိုချင်တဲ့အိမ်ကို အမှန်အတိုင်းပြန်ဖြေလာသည်။
'' ပါးပါးကတော့ နံပါတ်သုံးအိမ်ကိုကြိုက်တယ် သူက အားလုံးထဲမှာ အကောင်းဆုံးလို့ ထင်တာပဲ ''
'' ဒါဆို ချီချီလည်း နံပါတ်သုံးအိမ်ကို ကြိုက်တယ် ''
'' ယန့်ယန့်လည်း နံပါတ်သုံးအိမ်ကိုကြိုက်တယ် '' ယန့်ယန့်ကလည်း သူ့ခြေထောက်ကိုဖက်ရင်း ချီချီ့အတိုင်းလိုက်ပြောလေသည်။
ကျန်းမော့ချန်က ပွဲသိမ်းဆုံးဖြတ်ချက်ချပေးလိုက်သည်။
'' ကဲ ဒါဆို ငါတို့မိသားစုလေးယောက် အဲ့အိမ်ရဖို့ ကြိုးကြိုးစားစားနိုင်အောင်ဆော့ကြမယ် ''
'' ပါးပါး ကျားယို! '' ယန့်ယန့်က ကျန်းမော့ချန်ကို ' fighting' ဆိုသည့် လက်ဟန်အမူအရာလေးဖြင့် အားပေးနေသည်။
ကျန်းမော့ချန်က သူ့သားခေါင်းကို ချစ်စနိုးပွတ်ရင်း
'' ယန့်ယန့်လည်း ကျားယို ''
Hostကလည်း ပြိုင်ပွဲစည်းမျဥ်းတွေကိုရှင်းပြလာသည် : သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မိသားစုငါးစုလုံးရဲ့ ပါးပါးမားမားတွေက 'နင်သရုပ်ဆောင်ပြ၊ငါမှန်းမယ်' ဆိုသည့် ဥပစာခန့်မှန်းရသောဂိမ်းအား ဆော့ရမည်ဖြစ်သည်။ ခန့်မှန်းနိုင်သည့် ဥပစာအရေအတွက်ပေါ်မူတည်ပြီး အများဆုံးခန့်မှန်းနိုင်သည့်အတွဲက ကိုယ့်စိတ်ကြိုက်အိမ်ကိုရွေးချယ်ခွင့်ရှိမည်ဖြစ်ကာ အနည်းဆုံးခန့်မှန်းနိုင်သည့်အတွဲကတော့ သူများတွေမလိုချင်သည့် နောက်ဆုံးအကျကိုယူရမည်ဖြစ်သည်။
ကလေးတွေကတော့ ပါးပါးတွေ၊မားမားတွေဂိမ်းဆော့ဖို့အတွက် Hostဆီမှာ မဲသွားနှိုက်ရသည်။ ယန့်ယန့်က နှိုက်လာတဲ့မဲလိပ်လေးကိုင်ပြီး ချီချီ့ဘက်ဝှေ့ယမ်းပြရင်း
![](https://img.wattpad.com/cover/323538121-288-k375219.jpg)
YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
General Fictionဖန် ထွမ်စလေးရှင်း After marriage