Extra 25

12.6K 1.4K 60
                                    

Unicode

ချီချီ : မင်းကိုအရမ်းသဘောကျတာပေါ့၊ 《 နွေဦးအလာကိုမျှော်နေမယ် 》လွှင့်ပြီ
_________________________________

ဖုမင်ကျီး : ''............''

နှစ်တွေအများကြီးကြာသွားလည်း မဟုတ်တရုတ်အကြံအစည်ထုတ်တဲ့နေရာ၊ အခွင့်ကောင်းယူတဲ့နေရာမှာတော့ ပေါဖုန်းရဲ့ဦးနှောက်က ဂျင်လေးလို အလည်မြန်နေဆဲပင်။

ဖုမင်ကျီး ခေါင်းကြီးငုံ့ပြီး တိတ်နေတာကိုမြင်တော့ ပေါဖုန်း စိတ်အခြေအနေကောင်းနေသဖြင့် ဆက်မစတော့ပဲ

'' လာ ဆက်သွားကြရအောင် ဒီတစ်ခေါက်တော့ ရှေ့ကိုသေချာကြည့်လျှောက် ''

ပေါဖုန်း ဖုမင်ကျီးလက်ကိုလွှတ်ပေးလာကာ ရှေ့ကနေ ဦးဆောင်လျှောက်သွားခဲ့သည်။ ဖုမင်ကျီးလည်း ပေါဖုန်းကိုမော့ကြည့်လိုက်ပြီး သူမမျက်နှာက တမျိုးတမည်ထူးဆန်းနေလေသည်။ သူတို့ရဲ့လက်ရှိဆက်ဆံရေးက တစ်ခုခုမှားနေပြီဟု ခံစားနေရသော်ငြား ဘာကမှားနေမှန်းတော့ မသိပါ။ ထို့ကြောင့် သူမသက်ပြင်းချလိုက်ကာ ပေါဖုန်းနောက်ကနေပဲ တိတ်တိတ်ကလေးလိုက်လာလိုက်သည်။

ပေါယန် ချီချီ့ကိုတွေ့ဖို့ အပြေးလေးလာရှာတော့ ချီချီကယန့်ယန့်နဲ့အတူတူ ခြံဝန်းထဲဆော့နေခဲ့ကာ နှစ်ယောက်သားတစ်ခုခုအကြောင်းပြောနေရင်း ခိုးခိုးခစ်ခစ်ရယ်နေကြလေသည်။ ပေါယန်လျှောက်လာတာကိုမြင်တော့ ချီချီအံ့သြသွားကာ အနားကိုပြေးလာပြီး

'' ယန်ယန် မင်းဘယ်လိုလုပ်ရောက်လာတာလဲ ''

ပေါယန် ချီချီ့ကိုကြည့်ပြီး တစ်ခုခုပြောဖို့ဟန်ပြင်လိုက်ပေမဲ့လည်း ယန့်ယန့်ကသူတို့အနားပြေးလာပြီး ချီချီဘေးနားရပ်နေသည်အား မြင်လိုက်ရသည်။

ပေါယန် ချီချီ့ကို နှစ်ကိုယ်ကြား တိုးတိုးလေးမေးချင်သဖြင့် ချီချီ့လက်ကိုဆွဲပြီးခြံပြင်ထွက်လာလိုက်လေသည်။ အထားခံခဲ့ရသည့်ယန့်ယန့်လေးကလည်း အစ်ကိုနှစ်ယောက် ဘာလုပ်မလဲသိချင်သဖြင့် နောက်ကနေခြေထောက်တိုလေးများဖြင့် တောက်တဲ့တောက်တဲ့လိုက်နေသည်။

ပေါယန် လျှောက်နေရင်း ယန့်ယန့်ခေါင်းလေးကိုပွတ်ပြီး ချော့လိုက်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now