Unicode
စီအီးအိုကျန်း သီချင်းဆိုပြတယ်၊ ယန့်ယန့်ကတော့ ပေးတဲ့ပန်းကို ဘုရားကပ်ပြီး မျက်နှာလုပ်တတ်နေပြီ
_______________________________'' မဖြတ်ရပါဘူး '' ယန်းချင်းချီ ဆက်ပြောလာသည်။ '' မြစ်ကြောင်းအတိုင်းဆက်သွား ''
ချီချီ ခေါင်းငြိမ့်ပြကာ ယန့်ယန့်လက်ကိုဆွဲပြီး မြစ်ကမ်းဘေးကနေ ဆက်လျှောက်သွားသည်။
သိပ်မကြာလိုက် သစ်ပင်တွေ စီကာစဥ်ကာပေါက်နေသည့် တောအုပ်လေးကို ကလေးသုံးယောက်မြင်တွေ့ရလိုက်ကာ တချိန်ထဲမှာပဲ ယန်းချင်းချီတို့လူကြီးအုပ်စုလည်း ကလေးအုပ်စုရဲ့ခြေလှမ်းကို မှီနေပြီဖြစ်သည်။
ချီချီ ယန်းချင်းချီကို ခေါင်းမော့ကြည့်ပြီး
'' သားတို့အထဲဝင်ရဦးမှာလား ''
''ဟုတ်တယ် '' ယန်းချင်းချီက ကလေးလက်လေးကိုဆွဲရင်း '' လာ ပါးပါးက သားတို့ဆော့ဖို့ တောအုပ်ထဲခေါ်သွားပေးမယ် ''
တောအုပ်ရဲ့ညခင်းက အင်မတိအင်မတန်ကိုမှ တိတ်ဆိတ်ငြိမ်သက်နေကာ ကျီကျီကျာကျာအော်မြည်နေသည့် ပိုးကောင်အချို့မှလွဲ ဘာအသံမှမကြားရပေ။ ယန်းချင်းချီနဲ့ ကျန်းမော့ချန်ကတော့ ဓာတ်မီးကိုယ်စီကိုင်ပြီး တောလမ်းကို ဦးဆောင်နေကြသည်။ ချီချီက ဓာတ်မီးလင်းနေသည့် နေရာလေးတွေဆို ခုန်ဆွ ခုန်ဆွ လိုက်ခုန်တတ်ပြီး ယန်းချင်းချီတစ်နေရာကို ဓာတ်မီးလှမ်းထိုးလိုက်တာနဲ့ သူကလည်းခုန်ပြီးသားပင်။ သားအဖနှစ်ယောက် မီးထိုးတိုင်း ခုန်တိုင်း ဆော့နေကြကာ ချီချီလေးခင်ဗျာ ပျော်လွန်းလို့ အရယ်မရပ်နိုင်ခဲ့။
ယန်းချင်းချီ ကလေးရဲ့ခေါင်းလုံးလုံးလေးကို ချစ်စနိုးပွတ်နေလိုက်သည်။ ပိုးစုန်းကြူးတွေကိုတွေ့ရဖို့ သိပ်မလျှောက်လိုက်ရပါ။ မြစ်ရေစီးကြောင်းအတိုင်းလျှောက်လာစဥ် မိနစ်အနည်းငယ်အကြာမှာတော့ အစိမ်းရောင်တဖျက်ဖျက်လတ်နေသော အစက်အပြောက်အချို့ကို တွေ့လိုက်ရတာကြောင့် ယန်းချင်းချီ စိတ်လှုပ်ရှားသွားလေသည်။ သူ ဘေးက ကျန်းမော့ချန်ကိုလှမ်းပုတ်လိုက်ကာ

YOU ARE READING
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
General Fictionဖန် ထွမ်စလေးရှင်း After marriage