Unicode
《 The Family 》ရဲ့ တရားဝင်ကြေငြာချက်
_________________________________နောက်တစ်နေ့မှာတော့ ပေါဖုန်းကိုယ်တိုင် ပေါယန်ကိုကျောင်းလာကြိုသည်။ ပေါယန် သူ့အဖေကိုမြင်မြင်ချင်း အံ့အားသင့်သွားကာ အရင်နေ့ကဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ပြန်တွေးမိသွားတော့ အဲ့လောက်ကြီးလည်း မအံ့သြမိတော့ပါ။ ထို့အစား သူတို့သားအဖနှစ်ယောက်ကြားက လေထုမှာ ပိုပြီးတောင် ကို့ရို့ကားယားနိုင်သွားသေးသည်။
ပေါယန် ကားပေါ်မတက်ပဲ ကားတံခါးဘေးမှာ ပေတေရပ်နေတာမြင်တော့
'' ဘာလဲ မင်း ဒီညကိုရော ချီချီတို့အိမ်မှာ လိုက်အိပ်ချင်သေးတာလား ''
ပေါယန် ခေါင်းခါပြလိုက်သည်။ သူ သူများအိမ်သွားနေပြီး သူများတွေကို တစ်သက်လုံးနှောက်ယှက်နေဖို့ ဆန္ဒမရှိပါ။ ဒီတိုင်း မနေ့က စိတ်မကြည်သဖြင့် အိမ်မပြန်ချင်ရုံသာ။ ထို့ကြောင့် သူ ကားတံခါးဖွင့်ပြီး အထဲဝင်ထိုင်လိုက်သည်။ ပေါဖုန်းက သူ့ဘက်လှည့်ကာ
'' မင်းအမေက မင်းအတွက် အရုပ်နဲ့ကိတ်တွေဝယ်လာတယ် မင်းပြန်လာမလားလို့ မနေ့ကတည်းကစောင့်နေတာ ဒါပေမဲ့ မင်းကပြန်လိုက်မလာဘူး ''
ပေါယန် အနည်းငယ်အံ့အားသင့်သွားကာ ချက်ချင်းအပြစ်ရှိသလို ခံစားလိုက်ရတာကြောင့်
'' တောင်းပန်ပါတယ် '' ဟု ပြောလာသည်။
'' မင်း ငါ့ကိုပြောစရာမလိုပါဘူး အရုပ်တွေကိတ်တွေဝယ်ပေးပြီး ထိုင်စောင့်နေတာ မင်းအမေပါ အိမ်ပြန်ရောက်မှ တောင်းပန်လိုက် ''
'' မားမား စိတ်ဆိုးနေလား ''
'' စိတ်မဆိုးပါဘူး ''
'' ဒါဆို သူရော မပျော်မရွှင် ဖြစ်နေသေးလား ''
'' သူရောဆိုတာ ဘာကိုပြောချင်တာလဲ '' ပေါဖုန်း သူ့သားသူကြည့်ပြီး '' ဘာလို့လဲဆိုတော့ မင်းလည်း မပျော်မရွှင်ဖြစ်နေလို့ ဟုတ်တယ်မလား ''
သူ့အဖေ သူ့စိတ်ကိုဖောက်ထွင်းမြင်နိုင်တာတွေ့တော့ ပေါယန်တစ်ယောက် နှုတ်ခမ်းလေးသာတင်းတင်းစေ့ထားပြီး ဘာမှပြောမလာတော့ပေ။

VOCÊ ESTÁ LENDO
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Ficção Geralဖန် ထွမ်စလေးရှင်း After marriage