Extra 15

11.2K 1.5K 43
                                    

Unicode

ချီချီနဲ့ယန့်ယန့် အိမ်ကိုယုန်တစ်ကောင်ခေါ်လာတယ်၊ ဘော့စ်ကျန်းတို့ကတော့ ကြောင်လိုတောင် အော်တတ်နေပြီ
________________________________

ကြွပ်ကြွပ်အိတ်ဆိုတဲ့ထောင်ထဲကနေ အောင်အောင်မြင်မြင်လွတ်ထွက်လာနိုင်သည့် အာလူးလေးတွေကတော့ ကုန်းလျှောအောက်မှာ ငြိမ်ငြိမ်သက်သက်လဲလျောင်းနေကြသည်။ ချီချီနဲ့ယန့်ယန့် ကုန်းလျှောကို အတူတူလက်တွဲဆင်းအပြီးမှာ ပြုတ်ကျနေတဲ့ အာလူးလေးတွေလိုက်ကောက်ပြီး ကြွပ်ကြွပ်အိတ်ထဲ ပြန်ထည့်လိုက်နိုင်ခဲ့သည်။

'' ကောင်းလိုက်တာ ကောင်းလိုက်တာ ''

အာလူးတွေအားလုံး ကြွပ်ကြွပ်အိတ်ထဲပြန်ရောက်သွားတာမြင်မှ ယန့်ယန့်က ပျော်ပျော်ရွှင်ရွှင်ပြောလာသည်။

ချီချီက သူ့ညီလေးကိုကြည့်ကာ သူတို့ရှေ့က လမ်းအကျယ်ကြီးကို ပြန်ကြည့်ရင်း

'' ယန့်ယန့် ငါတို့ပြေးတမ်းလိုက်တမ်းဆော့ရအောင် ကောကောက ရှေ့ကပြေးမယ် မင်းက ကောကောကို လိုက်ဖမ်း ဟုတ်ပြီလား ''

ယန့်ယန့်ကခေါင်းငြိမ့်ပြသည်။

ချီချီစပြေးပြီဆိုတာနဲ့ ယန့်ယန့်ကလည်း သူ့ခြေထောက်တိုလေးများဖြင့် နောက်ကနေ အတင်းပြေးလိုက်လေသည်။ ကလေးချော်လဲမှာစိုးတာကြောင့် ချီချီတစ်ယောက် အရမ်းကြီးမပြေးရဲပဲ တော်တော်ကြီးအရှိန်လျှော့ထားကာ သူ့ညီလေးကိုလည်း စိတ်မချလို့ နောက်ပြန် လှည့်ကြည့်ရတာအမော။

ယန့်ယန့်က သူ့အစ်ကိုနောက်လိုက်နေရင်း ခဏလောက်ကြာတော့ လှမ်းအော်လေသည်။

'' ကောကော ဖြေးဖြေးပြေးပါ သားကိုစောင့်ဦးလေ ''

'' ငါတော်တော်ကြီးကိုနှေးထားပြီးပြီလေ တိတိ မင်းသာ မြန်မြန်ပြေးလာခဲ့ '' ချီချီက သူ့ညီလေးကို လက်ဝှေ့ယမ်းပြရင်း အော်ပြောလိုက်သည်။

ယန့်ယန့်က သူ့ရဲ့ခြေထောက်ပုတိုလေးတွေကို နည်းနည်းလေးအရှိန်ပိုမြှင့်ပြီး ချီချီ့ဆီပြေးသွားခဲ့သည်။ချီချီ့အနားရောက်တာနဲ့ အချိန်မှီ အရှိန်မသတ်နိုင်တဲ့အတွက် ချီချီရင်ခွင်ထဲ အင့်ခနဲပစ်ဝင်သွားလေသည်။ ချီချီက သူ့ခန္ဓာကိုယ်လုံးတုံး,လုံးတုံးလေးကို ပြန်ပွေ့ဖက်ထားချိန် သူကတော့ '' မိသွားပြီ မိသွားပြီ '' ဟု ပျော်ရွှင်စွာ အော်ဟစ်နေခဲ့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Onde histórias criam vida. Descubra agora