Extra 24

11.7K 1.3K 98
                                    

Unicode

သဝန်တိုတတ်တဲ့ ပေါယန်လေး၊ ပေါဖုန်းနဲ့ ဖုမင်ကျီးတို့ရဲ့ ဆက်ဆံရေးကလည်း တိုးတက်လာပြီ
________________________________

၆လပိုင်းကုန်လောက်မှာတော့ ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့ ချီချီနဲ့ယန့်ယန့်ကိုခေါ်ပြီး 《 The Family 》ဒုတိယပိုင်းရိုက်ကူးရေးထဲဝင်ခဲ့သည်။ အသစ်ဝင်လာတဲ့မိသားစုကလည်း ကျန်မိသားစုလေးစုနဲ့ ခပ်မြန်မြန်လေး သဟဇာတဖြစ်သွားတာကြောင့် ဒုတိယပိုင်းက ပထမပိုင်းထက် ပိုပျော်ဖို့ကောင်းလေသည်။

အသစ်ဝင်လာသည့်မိသားစုမှာ မိန်းကလေးဖြစ်ပြီး ကျန်းမုယန်ဟုခေါ်တွင်ကာ ၆နှစ်ရှိနေပြီဖြစ်သည်။ သူမက သူမအဖေရဲ့ပျော်ပျော်နေတတ်တဲ့ စရိုက်သဘာဝကို အမွေရထားသဖြင့် ဂရုစိုက်တတ်တဲ့အစ်မကြီးလိုမျိုး အငယ်တွေအားလုံးကို လိုက်စောင့်ရှောက်ပေးတတ်သည်။ အထူးသဖြင့် သူမအချစ်ဆုံးက လုမြန်မြန်ပင်။ မြန်မြန်လေးက ပျော့အိအိဖြင့် တီတီတာတာပြောတတ်တာကြောင့် သူမလည်း အဲ့လိုညီမမျိုးလေး လိုချင်နေခဲ့တာဖြစ်သည်။ လုမြန်မြန်လည်း ကျန်းမုယန်ကို သဘောကျပါသည်။ အမှန်တိုင်းပြောရလျှင် သူမကို ဒီတစ်လျှောက်လုံး ပြုစုစောင့်ရှောက်ပေးခဲ့ကြသည့် ကိုကို မမတွေအားလုံးကို သဘောကျသည်။ သို့သော် သူမအချစ်ဆုံးကလေးလေးကတော့ သူမထက်တစ်နှစ်ငယ်သည့် ယန့်ယန့်လေးဖြစ်နေဆဲပင်။ သူမထက်ငယ်တဲ့ကလေးတွေကို တွေ့ရခဲတာကြောင့် ယန့်ယန့်ရှေ့ရောက်သွားလျှင် လူကြီးပေါက်စလေးလို ဟန်ဆောင်တတ်ကာ တိတိလေး ဒါလေးတော့လုပ်လို့ရတယ် တိတိလေး ဒါကတော့လုပ်လို့မရဘူး စသဖြင့် ဆရာလိုက်လုပ်ရင်း သူမဆီမှာကောင်းနိုးရာရာလေးတွေရှိလာခဲ့လျှင်လည်း ယန့်ယန့်လေးအတွက်ချန်ထားပေးတတ်သည်။

ယန့်ယန့်ကလည်း လုမြန်မြန်နဲ့ရွယ်တူနီးပါးဖြစ်နေတာကြောင့် တခြားအစ်ကိုတွေ၊အစ်မတွေထက် ခင်မင်ရင်းနှီးဖို့ပိုမြန်သည်။ ထို့ကြောင့် လုမြန်မြန်က ယန့်ယန့်လက်ကိုကိုင်ပြီး ဆော့ခွင့်ရသည့်အခွင့်အရေးအား ချောင်ဟုန်ဟွေးထက်အရင် ကြိုရသွားလေသည်။ ချောင်ဟုန်ဟွေးက ထိုအချိန်ဆို လက်တွဲလျှောက်နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်ပြီး အရမ်းဝမ်းနည်းနေတတ်လေသည်။ သူက ဒီညီလေးကို စတွေ့ကတည်းက အရမ်းသဘောကျခဲ့တဲ့အတွက် သူရလာသမျှအကုန်ပေးပြီး အရမ်းကြင်နာပေးခဲ့သည်။ သို့သော် ယန့်ယန့်က သူ့ကိုအခုထိ အထိမခံသေးပါ။ ကျန်းမုယန်က ဝမ်းနည်းနေတဲ့ချောင်ဟုန်ဟွေးကိုကြည့်ပြီး ဒီကလေးသုံးယောက်ပြုမူပုံလေးတွေက တော်တော်လေးချစ်ဖို့ကောင်းသည်ဟု တွေးမိတာကြောင့် ချောင်ဟုန်ဟွေးကိုနှစ်သိမ့်သည့်အနေဖြင့် taskတစ်ခုခုလုပ်တိုင်း လက်ကလေးဆွဲဆွဲပြီးခေါ်ခေါ်သွားတတ်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now