Extra 29

13.6K 1.2K 13
                                    

Unicode

Happily Ever After
________________________________

ချီချီနဲ့ယန့်ယန့်တို့ကတော့ သူတို့နာမည်ကြီးနေလို့ ကြီးနေမှန်းလည်း မသိကြသေးပါဘူး။ သူတို့လေးတွေခင်ဗျာ တနေ့တနေ့ ခြံထဲ ပြေးလွှားလှည့်ပတ်ဆော့လိုက်၊ ကျောင်းပိတ်ရက်ဆို ယန်းချင်းချီ၊ ကျန်းမော့ချန်တို့နဲ့အတူတူ ကစားကွင်းလျှောက်လည်လိုက်ဖြင့် အဟုတ်ကြီးဟုတ်နေတော့သည်။

တစ်နေ့သော စက်တင်ဘာကျောင်းပိတ်ရက်မှာတော့ ယန်းချင်းချီနဲ့ ကျန်းမော့ချန်တို့က ကလေးနှစ်ယောက်ကိုခေါ်ပြီး ကစားကွင်းသွားလည်ခဲ့သည်။ အိမ်ပြန်လမ်းမှာ Supermarket တစ်ခုအနားကနေဖြတ်သွားတော့ အိမ်မှာလိုတာလေးတွေဝင်ဝယ်ဖို့အတွက် ကျန်းမော့ချန်က ကားကိုရပ်လိုက်လေသည်။

ယန်းချင်းချီနဲ့ ကျန်းမော့ချန်တို့က Maskတပ်ထားချိန် ချီချီနဲ့ယန့်ယန့်ကတော့ အရင်လိုပဲ ဘာမှမဖုံးမကာပဲ Supermarket ထဲ ပျော်ပျော်ပါးပါးဝင်သွားကြသည်။ သူတို့ တွန်းလှည်းတစ်ခုယူလိုက်ကာ မုန့်တွေထားသည့်နေရာကနေစပြီး တွန်းလှည်းလေးကိုတောက်လျှောက်တွန်းသွားတော့သည်။ ချီချီနဲ့ယန့်ယန့်တို့နှစ်ယောက် မုန့်တွေတစ်ခုပြီးတစ်ခုယူရင်း လှည်းထဲထည့်နေစဥ် အဖေနှစ်ယောက်ကလည်း သူတို့စားချင်တဲ့မုန့်တွေကို ရွေးပြီး လှည်းထဲပစ်ထည့်နေသည်။

အခုအချိန်မှာတော့ သူတို့က ​ကလေးနှစ်ယောက်စလုံး လှည်းထဲ ဘာမုန့်တွေပစ်ထည့်နေလဲဆိုပြီး စစ်ဆေးနေမည်မဟုတ်ပါ။ ထို့အစား အိမ်ပြန်ရောက်သွားမှ ကလေးတွေအသက်နဲ့မသင့်တော်သည့်၊ ကလေးတွေစားလို့မရလောက်သည့် မုန့်တွေအကုန်လုံးကိုရွေးထုတ်ပစ်လိုက်ကာ သူတို့ကိုယ်တိုင်စားပစ်ဖို့ တိတ်တိတ်လေးခိုးထုတ်ထားလိုက်မည်ဖြစ်သည်။ ထိုကျေးဇူးကြောင့်ပဲ သူတို့တစ်ခါမှမစားဖူးသည့်မုန့်မျိုးစုံကိုလည်း စားဖူးပြီးနေပြီဖြစ်သည်။ ပေါင်ပေါင်နှစ်ယောက်မှာတော့ သူတို့ဝယ်လာတဲ့မုန့်တွေ လျော့သွားတာကိုလည်းမသိသလို၊ သူတို့အဖေတွေ လက်စဖျောက်ပစ်နေတာကိုလည်း မသိရှာကြသေးပါ။

သူတို့ Supermarketထဲ တစ်ပတ်ပတ်နေစဥ် သူတို့နောက်ကနေ လူ သုံးလေးငါးယောက်လောက်က သူတို့နောက်တိတ်တိတ်လေးလိုက်လာပြီး ခိုးကြည့်၊ခိုးကြည့်လုပ်နေကြတာကို သတိထားမိသွားသည်။ နှစ်ယောက်စလုံးက နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့အတွက် ဒီလိုအခြေအနေမျိုးနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြကာ သူတို့မိသားစုကိုလူတွေမှတ်မိသွားပြီမှန်း နားလည်လိုက်တော့သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now