Unicode
ယန်ယန်ရဲ့ အတွေး
________________________________ပေါယန်တစ်ယောက်《 The Family 》ထဲ မိသားစုသုံးယောက်လုံး ဝင်ရိုက်မည်ဆိုသည့် သူ့အတွေးကို ပေါဖုန်းနဲ့ ဖုမင်ကျီး သဘောတူလာအောင် လုပ်ဖို့ နည်းလမ်းပေါင်းစုံစဥ်းစားပြီးပြီဖြစ်သည်။ မရတဲ့အဆုံး အိမ်ကနေ နောက်တစ်ခေါက်ထွက်ပြေးဖို့အထိပါ ကြံရွယ်ထားသည်။
ကားLuggageပုတိုလေးဆွဲ၊ လိပ်ကန်ပိုက်ပြီး အိမ်ပေါ်ကဆင်းဖို့ပြင်နေသည့် ပေါယန်ကိုတွေ့တော့ ပေါဖုန်း စိတ်အိုက်သွားကာ
'' ကျောင်းသားပေါယန် အိမ်ပေါ်ကနေ အထုပ်ဆွဲဆင်းလိုက်တာနဲ့ အရာရာဖြေရှင်းလို့ရပြီလို့များ ထင်နေတာလား ''
ပေါယန်က သူ့အဖေကိုပြန်မေးလာသည်။
'' ဒါဆို ဘယ်လိုလုပ်မှ ဖြေရှင်းနိုင်မှာလဲ ပြော သားကိုပြောပြ ပါးပါးနဲ့မားမား သားနဲ့အတူတူ 《 The Family 》 ထဲလိုက်ရိုက်ဖို့ ဘယ်လိုလုပ်ပေးရမလဲ ပြောပြ သားလိုက်လုပ်မယ် ''
ပေါယန် ကူကယ်ရာမဲ့သွားကာ ကလေး နားလည်အောင် အတတ်နိုင်ဆုံးရှင်းပြဖို့ ကြိုးစားလိုက်သည်။
'' ယန်ယန်အာ ပါးပါးနဲ့ မားမားနဲ့က ကွာရှင်းထားတာကြာပြီလေ ကျန်းမော့ချန်နဲ့ ယန်းချင်းချီတို့ကကျ တရားဝင်တိုင်းသိပြည်သိ စုံတွဲတွေ အဲ့တော့ သူတို့ကို Family 'မိသားစု' လို့ခေါ်လို့ရတယ် ဒါကြောင့် 《 The Family 》ထဲ ဝင်ရိုက်တာမထူးဆန်းဘူး ပုံမှန်ပဲ ဒါပေမဲ့ ပါးပါးတို့မိသားစုကကျ မင်းနဲ့ ပါးပါးနဲ့က familyတစ်ခု မင်းနဲ့ မင်းမားမားနဲ့က familyတစ်ခု မင်းပါးပါးနဲ့ မင်းမားမားပေါင်းလိုက်ရင် မတူညီတဲ့ မိသားစုနှစ်ခုလို့ အဓိပ္ပါယ်ရတယ် နားလည်လား ''
'' ပါးပါး မားမားနဲ့ပြန်ပေါင်းထုပ်ဖို့ကြံနေတာမဟုတ်ဘူးလား ''
ပေါဖုန်း ထိုစကားကြားကြားချင်း မျက်ခုံးပင့်တင်လိုက်ကာ သူ့သားစကားကို ပက်ခနဲပြန်ငြင်းလာသည်။
'' မင်းကို ဘယ်သူပြောလဲ ငါက မင်းအမေနဲ့ပြန်ပေါင်းမယ်? ရူးနေလို့လား ''
ဖုမင်ကျီး တံခါးဖွင့်ဝင်လာလာချင်း ထိုစကားကြားလိုက်ရလေသည်။ သူမ ပေါဖုန်းကိုလှမ်းကြည့်လိုက်တော့ တဖက်လူမှာ ကို့ယို့ကားယားနိုင်စွာ ပါးစပ်ပိတ်သွားပြီး စိတ်ထဲကနေ အသေကျိတ်ဆဲနေတော့သည်။
أنت تقرأ
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
قصص عامةဖန် ထွမ်စလေးရှင်း After marriage