Extra 13

12.8K 1.5K 27
                                    

Unicode

ပေါင်ပေါင်တို့က ဟင်းအမယ်သွားတောင်းကြ၊ ပါးပါးတို့က ဟင်းရွက်သွားခူးမယ်
______________________________

'' ရောက်ပြီ ''

ယန်းချင်းချီ တံခါးဖွင့်ဝင်လိုက်တော့ မက်မွန်သီးတွေဝေနေသော မက်မွန်ပင်ကြီးကို တန်းတွေ့လိုက်ရသည်။ ခြံကြီးကလည်းကျယ်ကာ မက်မွန်ပင်ကြီးကလည်းကြီးသည်။ ပန်းနုရောင်သန်းနေသော မက်မွန်သီးများက အပင်ပြည့်သီးနေပုံမှာ အခုပဲ အငမ်းမရခူးဆွတ်စားချင်စရာကောင်းလှလေသည်။ ခြံထဲတွင် လှည့်ပတ်သွားလာနေသည့် ကြက်ဖကြီးရှိကာ ထိုကြက်ဖအော်သံက ဆန်စေ့တွေကို ခေါင်းမဖော်တမ်းတတွတ်တွတ်ဆိတ်နေသည့် ကြက်မကြီးကို လန့်လန့်သွားစေပြီး သူ့ခင်ဗျာ ဘာများဖြစ်သလဲဟု ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်လှည့်လှည့်ကြည့်ရင်း မူမမှန်တာမရှိဘူးဆိုမှ ခေါင်းပြန်ငုံ့ပြီး ဆန်စေ့ဆက်ဆိတ်နေလေသည်။

ယန့်ယန့်တစ်ယောက် ကြက်ဖနှင့်ကြက်မကိုတွေ့သည်နှင့် မျက်လုံးလေးများ အရောင်လက်သွားကာ တွဲထားသည့်ချီချီ့လက်ကိုဖြုတ်ချပြီး ကြက်တွေဆီပြေးသွားသည်။

'' ကြက်ကလေးတွေ ''

ချီချီကလည်း သူ့နောက်အမြန်လိုက်လာသည်။

ဟွားလားလား၊ သူတို့ပြေးလာတာတွေ့သည်နှင့် အစားစားနေသောကြက်မကြီးကလည်း ကြောက်လန့်တကြားထွက်ပြေးသွားလေသည်။

ယန့်ယန့်လေးက အလွန်ကိုမှ စိတ်မကောင်းဖြစ်သွားရကာ ထွက်ပြေးသွားသည့်ကြက်မကြီးကို လက်ညှိုးထိုးပြရင်း ချီချီ့ကိုလှမ်းတိုင်သည်။

'' ကြက်ကလေး ထွက်ပြေးသွားပြီ ''

'' မင်းက သူတို့အစာစားနေတာကို သွားနှောက်ယှက်တာကို နောက်တစ်ခါ သူတို့နဲ့ဆော့ချင်ရင် အစာစားပြီးတဲ့အထိစောင့် ဟုတ်ပြီလား ''

ယန့်ယန့်က ခေါင်းငြိမ့်ပြပြီးနောက် ချီချီ့လက်ကိုပြန်တွဲလိုက်သည်။

ကျန်းမော့ချန် သူ့ရှေ့က ခြံဝန်းကြီးကိုကြည့်ပြီး

'' မသိရင် စိုက်ခင်းတွေထဲ ရောက်သွားသလိုမျိုး ခံစားချက်ကြီး ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now