Unicode
ဖုမင်ကျီးနဲ့ပေါဖုန်း၊ ယန်ယန်နဲ့ချီချီ
_______________________________သူ စားပွဲပေါ်တင်ထားသည့် ကိတ်ကိုမြင်တော့
'' မင်း ယန်ယန်အတွက်ဝယ်လာတာလား ''
ဖုမင်ကျီး ခေါင်းငြိမ့်ပြလိုက်သည်။
'' ရေခဲသေတ္တာထဲထည့်ထားလိုက် သူ မနက်ဖြန်ပြန်လာရင် စားလိမ့်မယ် မင်းရော ဒီည ဒီမှာအိပ်မှာလား ''
ဖုမင်ကျီး ပေါဖုန်းကို မော့ကြည့်လိုက်တော့ တဖက်လူမှာ သူမထက် အလွန်အမင်းတည်ငြိမ်အေးဆေးနေတာကို မြင်လိုက်ရသည်။ သူမ ဇဝေဇဝါရုပ်လေးဖြင့်
'' ရှင်ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ ယန်ယန်ငိုနေတယ်လေ အခုဆို အိမ်မပြန်လာချင်လို့ သူများအိမ်မှာ အကြောင်းမျိုးစုံပေးပြီး ကုပ်ကပ်နေ,နေတာ အဖေဆိုတဲ့ ရှင်က ဘာလို့ ဘာမှမဖြစ်သလိုမျိုး နေ,နေနိုင်တာလဲ ကလေးကို နည်းနည်းလေးတောင် စိတ်မပူဘူးလား ''
ပေါဖုန်း သူမအမေးကြောင့် ပန်းသီးကိုက်ဖို့ပြင်နေတာကို ခဏရပ်လိုက်ကာ
'' ဒါဆို ငါကဘာလုပ်ရမလဲပြော ဒီကိစ္စအတွက် အဖြေမှမရှိတာ ငါလည်းဘာတတ်နိုင်မှာလဲ ''
'' ရှင် ဘာလို့ဖြေရှင်းနိုင်မဲ့နည်းလမ်းကို မစဥ်းစားပေးတာလဲ ''
'' တစ်ခုတည်းသော နည်းလမ်းကတော့ သူပြောတာကို သဘောတူပေးလိုက်ရုံပဲရှိတယ် သူဖြစ်ချင်တဲ့အတိုင်း ချီချီနဲ့အတူတူ ငါတို့ပါ အဲ့အစီအစဥ်ထဲဝင်ရိုက်လိုက်လေ ဒါပေမဲ့ အဲ့ဒါက ဖြစ်နိုင်လို့လား '' ပေါဖုန်း သူမကိုကြည့်ကာ '' မင်းရော ငါရော အဲ့ကိစ္စက မဖြစ်နိုင်ဘူးမှန်းသိသိကြီးလေ အဲ့တော့ တခြားဖြေရှင်းနိုင်မဲ့နည်းလမ်းကို ခေါင်းခြောက်အောင်စဥ်းစားနေလည်း အပိုပဲ ''
ဖုမင်ကျီး ခေါင်းပြန်ငုံ့သွားကာ သူမနဖူးပေါ်ဝဲကျလာသည့် ဆံနွယ်အချို့ကို စိတ်ပေါက်ပေါက်ဖြင့် သပ်တင်လိုက်သည်။
ပေါဖုန်းလည်း သူမ အဲ့လောက်အထိ လုပ်ဖို့မလိုဘူးဟု ခံစားမိတာကြောင့်
'' ငါသိပါတယ် မင်း ကျန်းချုံးကိစ္စဖြစ်ပြီးကတည်းက သူလိုချင်တာမှန်သမျှကို အတတ်နိုင်ဆုံး လိုက်ဖြည့်ဆည်းပေးနေမှန်း ဒါပေမဲ့ ယန်ယန်နဲ့ ချီချီက မတူဘူးဆိုတာကိုလည်း မင်းသိထားရမယ် ငါတို့မိသားစုနဲ့ ချီချီတို့မိသားစုကမတူဘူး သူတို့က ပြီးပြည့်စုံတဲ့မိသားစုတစ်ခု ငါတို့က ပြိုကွဲထားတဲ့မိသားစုတစ်ခု အဲ့ဒါကြောင့် သူ ဒီကိစ္စနဲ့ပတ်သက်ပြီး အသားကျနေဖို့လိုတယ် သူ့ကံမကောင်းတာကိုပဲ အပြစ်တင်ရမှာပဲ မိဘတွေက ကွာရှင်းထားတော့ ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုမပေးနိုင်ဘူးပေါ့ အဲ့တော့ တခြားကလေးတွေနဲ့ လိုက်ယှဥ်လို့ဘယ်ရပါ့မလဲ ဒါက အမှန်တရားပဲလေ ''
![](https://img.wattpad.com/cover/323538121-288-k375219.jpg)
STAI LEGGENDO
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Narrativa generaleဖန် ထွမ်စလေးရှင်း After marriage