Extra 16

11.4K 1.3K 38
                                    

Unicode

ယန့်ယန့်ရဲ့ပိုင်ဆိုင်လိုစိတ်
______________________________

ယန်းချင်းချီနဲ့ ကျန်းမော့ချန်တို့ ဟင်းချက်နေစဥ် ချီချီနဲ့ယန့်ယန့်ကတော့ ခြံထဲမှာ ယုန်လေးနဲ့ လိမ်လိမ်မာမာဆော့နေကြသည်။ မိသားစုလေးယောက် နေ့လည်စာစားအပြီးမှာ ဖန်ခုန်တိုင်းဆော့ဖို့ ပြင်ဆင်ကြတော့သည်။

ယန်းချင်းချီ ကလေးတွေကို ကစားနည်းစည်းကမ်းချက်တွေ အရင်ရှင်းပြလိုက်ကာ ပြီးမှ သူကိုယ်တိုင်ကစားပြလိုက်သည်။ ချီချီက အတတ်မြန်သည်။ ယန့်ယန့်ကတော့ ငယ်သေးတာကြောင့် အကွက်ထဲ ကျောက်ခဲဝင်အောင်မပစ်နိုင်သလို ခြေထောက်တစ်ဖက်မြှောက်ပြီးလည်း ကောင်းကောင်းမခုန်နိုင်သေးပေ။

အမှားတွေလုပ်လိုက်၊ မျက်နှာလေးဆူပုပ်ဆူပုပ်ဖြင့် အစ်ကိုတွေ၊အဖေတွေခုန်သလိုမျိုး ပြန်ခုန်ဖို့ ကြိုးစားလိုက်လုပ်နေသည့် သူ့သားငယ်လေးကို ကျန်းမော့ချန် မကြည့်ရက်တော့တဲ့အတွက် ကလေးကို ကောက်ချီလိုက်ကာ

'' လာ ပါးပါးနဲ့ အတူတူခုန်မယ် ''

ယန်းချင်းချီက သတိပေးလာသည်။

'' ခင်ဗျားဂရုစိုက်နော် ကလေးနဲ့မချော်လဲစေနဲ့ ''

'' ဘာမှမဖြစ်ဘူး စိတ်မပူနဲ့ ''

သူ ယန့်ယန့်လက်လေးကိုကိုင်ကာ အကွက်လေးထဲကျောက်ခဲဝင်အောင်ပစ်လိုက်သည်။ ထို့နောက် ယန့်ယန့်ကိုချီရင်း အရှေ့အနောက် သာသာယာယာခုန်ပြသွားလေသည်။

အချီခံထားရတဲ့ယန့်ယန့်ကတော့ ခုန်လိုက်တိုင်း မြောက်ခနဲ၊မြောက်ခနဲ ဖြစ်,ဖြစ်သွားတာကြောင့် စိတ်ဝင်စားဖို့ကောင်းတယ်ထင်နေသဖြင့် တခိခိလိုက်ရယ်နေသည်။ သူကိုယ်တိုင် သူ့လက်သူ့ခြေဖြင့် ဝင်မပါရပေမဲ့လည်း အတော်လေးပျော်နေသည်။

အဆုံးမှာတော့ ကျန်းမော့ချန်နဲ့ ယန်းချင်းချီက အကြိမ်ရေအနည်းငယ်လောက် တမင်အရှုံးခံထားတာကြောင့် ရှေ့ကနေ အကွက်အားလုံးဖြတ်ကျော်ပြီးသွားသည့် ချီချီလေးကပဲ အိမ်အကွက်လေးထဲအရင်ရောက်သွားသည်။

'' သားနိုင်ပြီ! ''

ချီချီက စိတ်လှုပ်ရှားစွာ ထအော်လာသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Where stories live. Discover now