Unicode
အံ့သြမှင်သက်နေကြတဲ့ ပြည်သူလူထုနဲ့ ရိုက်ကူးရေးစပြီ
_________________________________ဒါပေမဲ့ ရှောင်ဖန်ဇီကျဲကျဲ၊ ယန့်မိုက်ကျဲကျဲနဲ့ ချန်ချီကျဲကျဲတို့ကတော့ Weiboကြီး server ကျခြင်း၊ မကျခြင်းအပေါ် အာရုံမစိုက်နိုင်သေးပါ။ သူတို့ခေါင်းထဲ တဝဲလည်လည်ဖြစ်နေသည့်မေးခွန်းများမှာ __ ကလေးက ဘာလို့နှစ်ယောက်တောင်ဖြစ်နေရတာလဲ? Variety Showထဲ တစ်မိသားစုလုံး ဝင်ရိုက်ကြမယ်?
[ သုံးနှစ်လောက်နေမှ ကလေးနှစ်ယောက်လောက်ရှိသင့်တာ မဟုတ်ဘူးလား အခုတော့ ချင်းချီနဲ့ စီအီးအိုကျန်းလက်ထပ်ထားတာဖြင့် တစ်နှစ်မပြည့်သေးဘူးလေ ဘယ်လိုလုပ်ပြီး ကလေးကနှစ်ယောက်တောင်ရှိနေရတာလဲ ]
[ ကလေး !!!!ငါအတန်းတွေလွတ်သွားပြန်ပြီလား !!!! ဘယ်ကျဲကျဲကများ infoလေးမစပေးချင်လဲဟင် ရှဲ့ရှဲ့! ]
[ ပုံ ]
[ 《 The Family 》က နောက်ဆုံးမိသားစုကို ဒီနေ့ ချပြလာခဲ့တယ်လေ ငါ့နှယ် အဲ့နောက်ဆုံးမိသားစုက ငါတို့ရဲ့ စီအီးအိုကျန်းနဲ့ချင်းချီလေးဖြစ်နေလိမ့်မယ်လို့ အိမ်မက်ထဲတောင်ထည့်မမက်ဖူးဘူး သူတို့ဆီမှာ ကလေးရှိမှန်းသိပေမဲ့ ဒီလိုကြီး ပေါ်ပေါ်တင်တင်ချပြလိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး ]
[ Showထဲဝင်ရိုက်တာထက်လေ ငါကတော့ ကလေးနှစ်ယောက်ရှိနေတာကိုပဲ တော်တော်လေး အံ့သြနေမိတယ် ]
[ ဒါပေမဲ့ ကလေးနှစ်ယောက်လုံးက တော်တော်လေးချစ်ဖို့ကောင်းတယ်နော် !!!!ချီချီက မင်းသားလေး ယန့်ယန့်က နတ်သားလေး ]
[ အမှန်ပဲဟေ့ တကယ်ချောကြတာဟ ငါဒီနေ့ ချန်ချီ CP effectကြီးနဲ့ မကြည့်တာတောင်မှ ကလေးတွေက ဖအေတူလေးတွေမို့ တော်တော်လေးချောမောကြည့်ကောင်းကြတယ်လို့ ပြောကိုပြောရမှဖြစ်မယ် ဒီ Seasonပေါက်ဖို့ကတော့ သူတို့မျက်နှာလေးတွေကို အားကိုးရမှာပဲ ]
[ ငါမေးစရာရှိတယ် နင်တို့သေချာကြည့်ကြစမ်း ယန့်ယန့်မျက်နှာကလေ ချင်းချီနဲ့ဆင်တယ်လို့ မထင်ကြဘူးလားဟေ အထူးသဖြင့် မျက်လုံး၊မျက်ခုံးတွေပဲ စီအီးအိုကျန်းရော၊ ချင်းချီပါ ကိုယ်ပိုင်ကလေးမရနိုင်ဘူးဆိုတာ မသိထားရင် ငါတော့ ယန့်ယန့်က ချင်းချီကိုယ်တိုင်မွေးထားတယ်လို့ ထင်မိတော့မှာပဲ ]

VOCÊ ESTÁ LENDO
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Ficção Geralဖန် ထွမ်စလေးရှင်း After marriage