Extra 27

12.4K 1.2K 12
                                    

Unicode

ယန်းချင်းချီ : ကျန်းမော့ချန် ကျွန်တော့်ကိုဖက်ထားပေး
________________________________

ချီချီ ယန့်ယန့်ရဲ့မျက်နှာလေးကို အပြုံးလေးဖြင့်ပွတ်သပ်နေရင်း

'' ဘာမှမဟုတ်ဘူး မင်းက ချစ်ဖို့ကောင်းလို့ ကြည့်နေကြတာ ''

သူက ပွတ်ပြီးတာနဲ့ ယန့်ယန့်မျက်နှာလေးကိုကုန်းနမ်းလိုက်တာကြောင့် ကလေးက လက်နှစ်ဖက်ကိုမြှောက်ပြီး သူ့မျက်နှာလေးသူကာထားလေသည်။

'' မပွတ်နဲ့တော့ ''

'' မပွတ်တော့ဘူး '' ချီချီက အပြုံးလေးဖြင့် '' ဒီနေ့ ထပ်မပွတ်တော့ဘူး ''

ယန့်ယန့်က လိမ်လိမ်မာမာလေးခေါင်းငြိမ့်ပြရင်း ထပ်ဖြည့်ပြောလာခဲ့သည်။
'' အာဘွားပေးလို့တော့ရတယ် ''

ယန်းချင်းချီ အသံထွက်ရယ်မိသွားကာ

'' မင်းက မင်းကောကောကို မျက်နှာကျမပွတ်စေချင်ဘူး အာဘွားတော့ လိုချင်တယ်ပေါ့ ''

ယန့်ယန့်က သူ့မျက်နှာလေးသူကာရင်း

'' ပါးပါးလည်း နမ်းလေ ''

'' ပါးပါးကို အရင်နမ်း ''

ယန့်ယန့် သူ့မျက်နှာသူကာထားသည့် လက်လေးနှစ်ဖက်ကို ချလိုက်ကာ ယန်းချင်းချီပေါ်ကုန်းရုန်းတက်ပြီး ဖအေ့လည်ပင်းကိုဖက်ရင်း အာဘွားပေးလာခဲ့ပြီးနောက် ချစ်မြတ်နိုးစဖွယ် ချိုချိုသာသာလေးပြုံးပြလာသည်။

ယန်းချင်းချီကလည်း ယန့်ယန့်ရဲ့ချစ်ဖို့ကောင်းမှုတွေကြောင့် အရည်ပျော်ကျသွားကာ ကလေးကိုပြန်ဖက်ထားရင်း နဖူးလေးနမ်းလိုက် ပါးလေးနမ်းလိုက်ဖြင့် သူ့သားသူ ချစ်မြတ်နိုးစွာကြည့်နေမိသည်။

'' ပါးပါးရဲ့ရှောင်ပေါင်ပေ့လေး ''

ယန့်ယန့်က သူ့ကို ဖြူစင်အပြစ်ကင်းသည့်မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေတဲ့အတွက် ယန်းချင်းချီ မနေနိုင်စွာပဲ နှာခေါင်းလုံးလုံးလေးကိုကောက်နမ်းလိုက်ကာ ရင်ခွင်ထဲထည့်ပြီး တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်လေသည်။

သူ စစပိုင်း ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရတော့ သူ့စိတ်ထဲ သံသယတွေ၊ အံ့သြမှုတွေ၊ စိတ်အားငယ်မှုတွေ စုပြုံဝင်ရောက်လာခဲ့သည်။ သို့သော် သူ ကျန်းမော့ချန်ကိုချစ်တာကြောင့် သူ့ဗိုက်ထဲမှာရှိနေသည့် ကျန်းမော့ချန်နဲ့သူ့ရဲ့မျိုးစေ့လေးကိုလည်း မွေးကိုမွေးထုတ်ပေးရမည်ဟု တွေးခဲ့လေသည်။ အခု ယန့်ယန့်ဆိုတဲ့ကလေးလေးထွက်လာမှ ဒီစာအုပ်ရဲ့ရွှေလက်ချောင်းကြီး တဖြစ်လဲ ကျန်းမော့ချန်ရဲ့ကလေးရနိုင်စွမ်းကို ကျေးဇူးတင်မိသွားတော့သည်။ သူ့ရဲ့ရှောင်ယန့်ယန့်က ဒီကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံး၊ အချိုမြိန်ဆုံး၊ အချွဲတတ်ဆုံး နတ်သူငယ်လေး။ ဂျယ်လီတုံးလေးလိုပဲ ပျော့ပျော့အိအိ၊ တုန်တုန် တုန်တုန်နဲ့ ချိုမြိန်လိုက်တာမှ။ ထို့ကြောင့် သူသာကိုယ်ဝန်မရှိခဲ့လျှင်၊ ယန့်ယန့်ဆိုတဲ့ ကလေးလေးသာမရှိလာခဲ့လျှင်၊ ဖျက်သာချမိသွားလျှင် ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ ဘယ်လောက်နောင်တရလိုက်မလဲ တွေးဆကြည့်လို့တောင်မရနိုင်ပါ။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra || Donde viven las historias. Descúbrelo ahora