Unicode
ယန့်ယန့်က ချွဲတတ်သလို အချီလည်းခံချင်တယ်တဲ့၊ မိသားစုလေးယောက် စထွက်ပြီ
_________________________________ချီချီက အခုအချိန်ထိအိပ်နေသေးသော ယန့်ယန့်ပုခုံးလေးကို လှုပ်ခါရင်း ပါးလေးတို့ကာတို့ကာဖြင့် နှိုးနေသည်။
'' ယန့်ယန့် ယန့်ယန့် အိပ်ယာထချိန်ရောက်ပြီ ''
ယန့်ယန့်က သူ့လက်ပုတိုလေးတွေကိုသာ စိတ်အနှောက်အယှက်ဖြစ်စွာ လှုပ်ရမ်းလိုက်ကာ လူကတော့ တော်တော်နဲ့ ထလာမည့်အစီအစဥ်မရှိသေးပေ။
ချီချီက သူ့ပုခုံးကိုထပ်လှုပ်ပြန်တော့ အီးအဲနှစ်ခါလုပ်ပြီး ဟိုဘက်လှည့်၍ ဆက်အိပ်သွားပြန်သည်။
တဖက်ကို ကားယားလေးလှည့်အိပ်သွားပုံလေးမှာ ချစ်ဖို့ကောင်းသည်ဟုထင်မိတာကြောင့် ချီချီ တခိခိရယ်ရင်း သူ့ညီခေါင်းအနားကပ်ပြီး ပုခုံးကိုလှုပ်ရမ်းကာ နှိုးနေပြန်ပြီ။
''တိတိ ထတော့ ထတော့ ကောကောတို့နောက်ကျလို့မဖြစ်ဘူး ''
အဆုံးမှာတော့ တစ်ကိုယ်လုံးလှုပ်ရမ်းခံနေရတာကို သည်းမခံနိုင်သည့်အဆုံး ယန့်ယန့်မျက်လုံးများပွတ်ကာ ဒေါသတကြီးဖွင့်ကြည့်လာသည်။
ချီချီက သူ့ညီကို အိပ်နေရာကနေ ဆွဲထူပြီး အိပ်ယာပေါ်ထိုင်ခိုင်းစေသည်။ ယန့်ယန့်တစ်ယောက် အိပ်ချင်မူးတူးမျက်လုံးများဖြင့် ချီချီလုပ်သမျှ ငြိမ်ခံနေပြီး မျက်နှာကြီးဆူပုတ်နေကာ မျက်ခုံးကြီးကိုပါအလိုမကျစွာကြုံ့ထားသည်။ ချီချီက သူ့ပါးကိုတို့ကာ
'' ရယ် ''
ယန့်ယန့်က ဒေါသတကြီး ထအော်လာသည်။
'' အပိုပဲ မရယ်ဘူး! ''
ယန့်ယန့်ရဲ့ ဒီလိုမျိုးစိတ်ဆိုးပန်းဆိုးပုံလေးကလည်း တော်တော်လေးချစ်ဖို့ကောင်းသည်ဟု ထင်မိတာကြောင့် ချီချီ့ခင်ဗျာ တခိခိရယ်ရင်း သူ့ညီလေးပါးကို ကုန်းနမ်းလိုက်သည်။ ထို့နောက် အိပ်ယာအောက်ဆင်းကာ ယန့်ယန့်ဆီလက်နှစ်ဖက်ဆန့်တန်းပြီး
'' လာ ဒီကိုလာ မျက်နှာသစ်သွားတိုက်ဖို့ ကောကော မင်းကို ရေချိုးခန်းဆီခေါ်သွားပေးမယ် ''

CITEȘTI
ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||
Ficțiune generalăဖန် ထွမ်စလေးရှင်း After marriage