[1]

5.3K 508 10
                                    

[Unicode]

အခန်း(၁): ကူး​ပြောင်းလာခြင်း

ဝမ်မင်ယွီ မျက်လုံးဖွင့်လိုက်သောအခါတွင် ရှေးခေတ်၌သာ တွေ့မြင်ရ​လေ့ရှိသည့် ဂန္တဝင်ကန့်လန့်ကာများသည် နူးညံ့ပျော့​ပျောင်း​ပုံရပြီး လက်ရာမြောက်သည့် ပန်းထိုးများဖြင့် ဖန်းတီးထားကာ ကုတင်တိုင်များပေါ်တွင်လည်း ကနုတ်များဖြင့် အ​သေးစိတ်ထွင်းထားသည်ကို တွေ့လိုက်ရသည်။

သူ ရေ​ရေရာရာ သဘောမပေါက်ခင် ပတ်ဝန်းကျင်ကို ခိုးကြည့်လိုက်သည်။

--ဟုတ်သား....သူ ကူးပြောင်းလာခဲ့တာပဲ။အလုပ်ထလုပ်စရာ မလိုတော့ဘူး။--

သူ မှောက်လျက် ကုတင်ပေါ်တွင် ပြန်အိပ်ပျော်သွားတော့သည်။ အင်စတယ်လာ​ခေတ်မှ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှေးခေတ်ဘလူးစတားဆီ သူ ကူး​ပြောင်းလာခဲ့သည်မှာ တစ်လခွဲခန့်ရှိခဲ့ပြီဖြစ်သည်။ သူ ကူး​ပြောင်းလာပြီးချက်ချင်း ပတ်ဝန်းကျင်နှင့်ရင်းနှီးကျွမ်းဝင် မဖြစ်​သေးသည့် အချိန်မှာပင် ကွမ်းယန်ရဲ့ မှူးမတ်ကြီး ဖြစ်တဲ့ သူအ​ဖေဖြစ်သူသည် သူ့အား တည်ငြိမ်စွာ​နေခိုင်းပြီး တော်ဝင်နန်းတော်ဆီ သွားရမည်ဟု ပြောခဲ့သည်။

အဲဒီအချိန်မှာပဲ သူ ကူကယ်ရာမဲ့ကာ တချိန်လုံး ငိုင်သွားရသည့်အပြင် ရှေးခေတ်ဝတ်စုံဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြင်းထန်စွာသတိပေးခဲ့သေးသည်– "နှစ်ပေါင်းများစွာအထိ အမတ်ကြီးက မင်းကို ထောက်ပံ့ပေးခဲ့တယ်။ အခုတစ်ဖန် မင်းကိုယ်တိုင် ဘုရင်မင်းမြတ်အပေါ်  စိတ်အားထက်ထက်သန်သန် ပြုစု​ပေးပြီးကျေးဇူးဆပ်သင့်တယ်။ မင်း နန်းတော်ထဲမှာ ကြာကြာမနေနိုင်ရင် အသက်ရှင်ရက်ထွက်သွားဖို့ မစဉ်းစားနဲ့။"

ထိုသို့ပြောပြီးနောက် ထိုလူသည် ဝမ်မင်ယွီကို နောက်တစ်ကြိမ် စိုက်ကြည့်ရန်ပင် အလွန်ပျင်းရိသွားပုံပေါ်သည့်အလား သူ့ကို အနီးကပ် စောင့်ကြည့်နေတယ် ဆိုသည့် စကားတစ်ခွန်းကို ပြောပြီးသည်နှင့် အင်္ကျီလက်တွေကို တဖျပ်ဖျပ်ခါခတ်ပြီး ထွက်သွားတော့သည်။
ဝမ်မင်ယွီက​တော့ သူ့မျက်နှာတည့်တည့် ရုတ်တရက် အော်ခံလိုက်ရသလို။ သူက မူလပိုင်ရှင်မဟုတ်တာတောင် သူ လက်သီးကို တင်းတင်းဆုပ်ထားမိပြီး အနှီအ​​ဖေဟူသည့် အရူးကို ကောင်းကောင်းရိုက်ပစ်ချင်နေခဲ့၏။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now