[6]

2.7K 393 7
                                    

[Unicode]

အခန်း(၆): ဖယ်ရိုမုန်းများ

မုကျန်း ဝမ်မင်ယွီကို နောက်တစ်ကြိမ် ခေါ်ထားပြီး ဘေးမှာ ထိုင်ခိုင်းထားပြန်သည်။

အနှီကာလအတွင်းတွင် အာဏာရှင်ကြီးအ​ပေါ် စွပ်စွဲထားသည့်ကောလဟလတို့မှာ မယုံကြည်ရမှန်း သူ သိခဲ့သည်။ ဥပမာအားဖြင့် သူ တိုင်းပြည်ရဲ့အရေးကိစ္စတွေကို စေ့စေ့စပ်စပ်လုပ်ကိုင်သည့်အချိန်တိုင်း မုကျန်းသည် ပျားတစ်​ကောင်လို သနားစရာ​ကောင်းလှစွာ အလုပ်များလွန်းသည်။

နံနက်လေးနာရီတွင် ထ၍ ကိုယ်လက်သန့်စင်ကာ အဝတ်လဲပြီးလျှင် ညီလာခံသို့ ဝင်၏။ ကိုးနာရီတွင် ဝန်ကြီးများနှင့် ပြည်နယ်ရေးရာများကို ဆက်လက်ဆွေးနွေးခဲ့သည်။ ထို့နောက် နေ့လယ်စာစားပြီး ခဏလောက် အနားယူပြီးနောက် ညဘက် ကန့်လန့်ကာကျသွားသည့်တိုင်အောင် စာရွက်စာတမ်းပင်လယ်ထဲသို့ တစ်ဖန်ပြန်ဆင်းရပြန်သည်။

ယှဉ်ကြည့်ရရင်တော့ ဝမ်မင်ယွီသည်ကား အဆာပြေစားရင်း သူ့ဘေးမှာ ထိုင်နေရရုံသာ။ဝန်ထမ်းတွေရဲ့ လုပ်အားကို ညှစ်ယူနေတဲ့ အရင်းရှင်တစ်ယောက်လို ပြုမူတဲ့ အကျင့်ပျက် အမြတ်ထုတ် ကြီးကြပ်ရေးမှူးတစ်​ယောက်နှင့် တူသလိုပင်။

ဝမ်မင်ယွီ အသံမထွက်ဘဲ သက်ပြင်းတစ်ချက်ချကာ ဖရဲစေ့တစ်စေ့ကို ကောက်ကိုင်ပြီး ခွာဖို့ လုပ်​သော်လည်း အသံထွက်နိုင်သည်ဟု သူ ထင်သောကြောင့် ၎င်းအစား သူ့လက်ဖြင့်သာ ခွာလိုက်သည်။ အကျိုးဆက်ကတော့ အသံထွက်လာရတာပါပဲ။ အခန်းထဲမှာ တိတ်ဆိတ်နေလွန်းလို့ ပြတ်သားတဲ့အသံတွေ ထွက်လာခဲ့ရာ နည်းနည်း သိသာသွား​လေသည်။

ဝမ်မင်ယွီ ဖရဲစေ့ကို ပန်းကန်ပြားထဲသို့ ပြတ်ပြတ်သားသားပင် လွှင့်ပစ်ချလိုက်သည်။ သူဘာမှ မလုပ်ခဲ့သလိုပင်။ ခုနက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်မှု လုံးဝမရှိသလို။

မိန်းမစိုး​ခေါင်း​ဆောင်နှင့် ဝမ်မင်ယွီတို့ နှစ်ယောက်စလုံး မုကျန်းဘက်ဆီသို့ တစ်ချက်ကြည့်လိုက်ရာ အစီရင်ခံစာများကို ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုလူမှာ သတိမထားမိသလို တုံ့ပြန်မှုမရှိတဲ့အခါမှ တညီတညွတ်တည်း သက်ပြင်းချလိုက်ကြသည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now