[16]

1.5K 284 11
                                    

[Unicode]

အခန်း(၁၆): နှိပ်​ပေးခြင်း


ပထမဆုံးအကြိမ် မြင်းစီးရတာက ချဉ်တူးပြီး ပရမ်းပတာနိုင်တဲ့  အတွေ့အကြုံတစ်ခုသာ ဖြစ်သည်။
ဝမ်မင်ယွီသည် သူ့ခြေထောက်တွေက သူ့ဆီမှာမရှိတော့ဘဲ တစ်နေရာရာကို လွှင့်ပစ်ခံလိုက်ရပြီလို့​တောင် ထင်မိသည်။ ခွေးဧကရာဇ်ကြီးကပဲ သူ့ရဲ့ရယ်ချင်စရာ​ကောင်းတဲ့အခြေအနေကို မြင်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ သင်ပေးခဲ့တာပဲလား ဆိုတာ သူ မတွေးဘဲမနေနိုင်ပေ။
သူ့အတွက် လမ်းလျှောက်ရတာတောင် ခက်ခဲတဲ့အတွက် မုကျန်းနဲ့အတူ ရထားလုံးစီးကာ ပြန်ခဲ့ရသည်။

ရထားလုံးပေါ်မှ ဆင်းကာ သူနေထိုင်ရာ နန်းဆောင်ဆီသို့ အသွား သူ ဖြတ်သွားရာတစ်​လျှောက်ရှိ ရင်းနှီးနေတဲ့ အစေခံများ၏ရှုပ်ထွေးနေသော အကြည့်များက သူ့အား တွင်းတူးပြီး ဝင်အောင်းချင်မိသည်အထိ ဖြစ်သွား​စေ​တော့သည်။

သူ အိပ်ရာထဲမှာ အာဏာရှင်ကြီးကို အလုပ်အကျွေးပြုစုနေခဲ့တယ်လို့ ဒီလူတွေ လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ခဲ့ကြတာပဲ နေမယ်။ သူသာ အာဏာရှင်ကြီးရဲ့ ချီး​မြှောက်မှုကို အမှန်တကယ် ခံထိုက်သူဖြစ်ကြောင်း သူတို့၏နှလုံးသားထဲတွင် ယုံကြည်နေကြပေမည်။ ရက်စက်လွန်းလှတဲ့ ဒီအခြေအနေကြီးကို သူကိုယ်တိုင် မြေလှန်ပစ်လိုက်ချင်သည်။ ဝမ်မင်ယွီခင်ဗျာ အနှီလူမှုပတ်ဝန်းကျင်​ကြောင့် အရှက်ရသွားရ​ချေပြီ။

သူ့နောက်က​နေ ချောမွေ့တဲ့ အရှိန်အဟုန်ဖြင့် လျှောက်လာသည့် ခြေသံကို ကြားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် ဝမ်မင်ယွီသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး လေထဲတွင် ချိတ်ဆွဲခံထားလိုက်ရသလို ခံစားလိုက်ရသည်။သူ လန့်သွားသည်မို့ အော်မိသွားပြီး မုကျန်းရဲ့ရင်ဘတ်စကို အလိုလို ဆုပ်ကိုင်မိသွားသည်။

မုကျန်း သူ့ကို ကောက်မလိုက်ပြီး မင်းသမီးပုံစံ ပွေ့ချီလိုက်ခြင်းသာ။

စက္ကန့်အနည်းငယ်ကြာတော့ ဝမ်မင်ယွီသည် သူ့ရဲ့ ပင်ဂွင်းပုံစံ လမ်း​လျှောက်ပုံစံ​ကြောင့်ပဲ အရှက်ရမလား ဒီလိုပွေ့ချီခံထားရတဲ့ပုံစံ​ကြောင့်ပဲ အရှက်ရသွားမလား မပြောနိုင်တော့ပေ။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now