[13]

1.5K 285 4
                                    

[Unicode]

အခန်း(၁၃): ယုန်ကိတ်မုန့်

စာရေးတတ်ဖို့ သင်ယူခြင်းသည် စကားလုံးတွေ၏အဓိပ္ပါယ်ကို သိရုံသာမက သဒ္ဒါကဲ့သို့သော နက်နဲတဲ့အ​ကြောင်းအရာများ ပါဝင်သည့်အပြင် သဒ္ဒါအသုံးပြုနည်းကိုလည်း သင်ယူရသည်။

တူညီသောအကြောင်းပြချက်ကြောင့် နိုင်ငံခြားဘာသာစကားကို သင်ယူတဲ့အခါ နိုင်ငံခြားမူရင်းရုပ်ရှင်များနှင့် ရုပ်မြင်သံကြားများကို ၎င်း၏မူရင်းဘာသာစကားအတိုင်း ကြည့်ရှုခြင်းဖြင့် နားလည်အောင်ကြိုးစားပြီး ဘာသာစကားအတွက် လေ့ကျင့်ပေးပြီးသားဖြစ်သွားလိမ့်မည်။

ကုန်းရွှီသည် တင်းမာသည့်အမူအရာဖြင့် ပြုမူသော်လည်း ကြက်သီးမွေးညင်းထစေ​လောက်သည့်အထိ မဖြစ်ပေ။ပညာရှင်များနှင့် မတူညီသော ဇာတ်လမ်းတိုအကြောင်းအရာများကို ဆွေးနွေးရန် ခက်ခဲပြီး ပညာရှင်များသည် ဤအကြောင်းအရာများကို မပြောလိုကြသည့်အပြင် သူတို့ ဖတ်ဖူးသမျှကိုလည်း တခြားသူများကို မဖော်ထုတ်ချင်ကြပေ။ကုန်းရွှီသည်လည်း ဝမ်မင်ယွီအား ဇာတ်လမ်းတိုများကို ဖတ်ခွင့်မပေးခဲ့သော်လည်း သူ့အား အတန်းပြင်ပ၌ တစ်ခါတစ်​လေ ဖတ်ကြည့်ရန် အကြံပြုခဲ့သည်။စာသင်ချိန်ပြီးသည်နှင့် အပန်းဖြေနိုင်ရုံသာမက စာသင်ချိန်နှင့် အနားယူသည့်အချိန်ကြား မျှတအောင်လည်း ချိန်ညှိပေးနိုင်သည်။

ထို့ကြောင့် ဝမ်မင်ယွီသည် ဇာတ်လမ်းတိုများကို စတင်ဖတ်ရှုခဲ့ပြီး တစ်ချက်အကြည့်နဲ့တင် စာကြောင်း ဆယ်ကြောင်းခန့် ဖတ်နိုင်ခဲ့သည်။ ထုံးစံအတိုင်း သူကား စာဖတ်မြန်သူဖြစ်သောကြောင့် ဆက်ဖတ်ရန် စာအုပ်များ လိုအပ်နေတော့သည်။

နန်းတော်ကြီးသည် ရေနက်နက်တွင်ရှိပြီး ဘုရင့်အစောင့်တပ်များသည် နေ့ရောညပါ ကင်းလှည့်ကာ တစ်ခဏအတွင်းမှာပင် တာဝန်ချိန်များကို အပြောင်းအရွှေ့များ ပြုလုပ်ကြသည်။ ရှုပ်ထွေးပြီး ကြီးမားသည့်နန်းတော်ကြီးကို ရွှေခံတပ်ကဲ့သို့ ကာကွယ်ထားပုံရပြီး နန်းတော်အတွင်းရှိလူတိုင်းကလည်း ဧကရာဇ်မင်းအား သစ္စာရှိကြသည်မဟုတ်ပေ။ယုတ်ညံ့သည့် စေ့ဆော်မှုများနှင့် နန်း​တော်အပြင်ဘက်တွင် တစ်စုံတစ်ခုသော စွမ်းအားများအ​ပေါ် သစ္စာခံထားကြသော လူအချို့လည်း အမြဲရှိသည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Hikayelerin yaşadığı yer. Şimdi keşfedin