[8]

2.1K 331 3
                                    

[Unicode]

အခန်း(၈): ယုန်စိတ်တို

သူ စာလည်း မဖတ်တတ် ရေးလည်း မ​ရေးတတ်ကြောင်း ပြောလိုက်ပြီးနောက် အာဏာရှင်ကြီးက သူ့အတွက် ဆရာတစ်ယောက် စီစဉ်ပေးမယ်မှန်း မထင်ထားခဲ့​ပေ။ ဒါဆိုရင်တော့ သူ မြန်မြန်ဆန်ဆန် သင်ယူပြီးနောက် အစီရင်ခံစာတွေကို ဖတ်နိုင်လာလိမ့်မည်။

မုကျန်းက သူ့ကို ဘာလို့ အစီရင်ခံစာတွေကို ရွတ်ဖတ်ခိုင်းမှန်း နားမလည်​ပေ။ 'သူက ယုံကြည်ရတဲ့ ပညာတတ်အမှုထမ်းတစ်​ယောက်ကို လိုချင်လို့များလား?'

မည်သို့ပင်ဆိုစေကာမူ ဒါက ဝမ်မင်ယွီအတွက် အပြုသဘောဆောင်သည့် ရလဒ်တစ်ခုလည်းဖြစ်သည်။
ဘာဆိုဘာမှ မသိတဲ့ ဒီခေတ်ကြီးထဲမှာ အသိပညာနည်းနည်းလေးပိုသိလိုက်တာက သူ့ဘာသာသူ ရှင်သန်ရပ်တည်နိုင်ရန် အကျိုးရှိမည် ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အရှင်။ အရှင်က အရမ်းရက်ရောတာပဲ!”

ယခု လက်ရှိအ​ချိန်မှာ​တော့ ဝမ်မင်ယွီသည် အမှန်တကယ် လိမ်ညာ​နေခဲ့ခြင်း မဟုတ်ခဲ့ပေ။အခုတစ်​ခေါက်အတွက်​တော့ ဝမ်မင်ယွီသည် မုကျန်းကို  လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ပြီး အဲလိုသာ လုပ်​ပေးမည်ဆိုပါက သူ့အတွက် အများကြီးအကျိုးရှိ​စေမည်မှာ အမှန်ပင်။

ဝမ်မင်ယွီရဲ့ တောက်ပကြည်လင်တဲ့ မျက်လုံးလေးများက  မျက်ဝန်းထဲ၌ ကြယ်​တွေကို သိမ်းထားသည့်အလား မုကျန်းကို ကြည့်​နေပြီး သူ့အပြုံးမှာလည်း အလွန်ချိုမြိန်နေသည်။နူးညံ့တဲ့ မုန့်ပိုင်း​လေးကို တစ်ချက်ကိုက်လိုက်သည်နှင့် ချိုမြိန်သည့်အရသာများ စိမ့်ထွက်နေသ​ယောင်။

မုကျန်း အနည်းငယ်ပင် ကြောင်အသွားရသည်။ နှစ်ခါပြန်ကြည့်ပြီးနောက် သူ မျက်လုံးကို လွှဲလိုက်မိသည်။

"လေ့လာဖို့က ဘယ်​လောက်ကြာမှာလဲ?တစ်လဆိုရင်​ရော?

ဝမ်မင်ယွီမှာ ထိုမထင်မှတ်ထားသောမေးခွန်းအတွက် ဆွံ့အသွားရသည်။

'ဒီအာဏာရှင်ကြီးက သူ့ကို မညှာမတာ တောင်းဆိုနေတာ မဟုတ်ဘူးလား?ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျင်ဖို့ တစ်လ! ဒီကိုယ်လုပ်​တော်​လေး မလုပ်နိုင်ပါဘူး။'

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now