[2]

3.3K 450 3
                                    

[Unicode]

အခန်း(၂): Rainbow Farts


သားရဲများသည် မွေးဖွားလာကတည်းက အန္တရာယ်ကို ကြိုသိနိုင်ကြ၏။ ဝမ်မင်ယွီသည် သားရဲအစစ်တစ်​ကောင်မဟုတ်သော်လည်း အိုမီဂါများတွင် ရှိသည့် ယင်းတို့၏ပင်ကိုယ်သားရဲပုံစံကြောင့် သားရဲအသွင်အပြင်အနည်းငယ်ရှိသေးသည်။
နားရွက်ကျယုန်လေးများသည် အလွန်ရှက်တတ်ပြီး မည်မျှပင်သေးငယ်သည်ဖြစ်စေ လှုပ်ရှားမှုတစ်ခုခုကြောင့် ထိတ်လန့်သွားနိုင်သည်။ ခြိမ်းခြောက်နိုင်တဲ့ သားရဲကောင်ကြီးတွေနဲ့ ထိပ်တိုက်တွေ့ဖို့ နေနေသာသာ ထိတ်လန့်နိုင်ပေ၏။ ဝမ်မင်ယွီသည်လည်း သဘာဝရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ခေါင်းမှ ခြေဖျားအထိ တောင့်တင်းနေခဲ့သည်။ ခြောက်သွေ့သော မြေပေါ်သို့ လဲကျသွားတာ​ကြောင့် နာကျင်သွားရသည်မှာ သေလု​မျောပါးပင်။

လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ဝမ်မင်ယွီသည် ငါးဆားနူတစ်ကောင်ပဲ လုပ်​နေခဲ့သည်မဟုတ်။သူ နန်းတွင်းအ​စေခံများထံမှ သတင်းရယူရန် လျှို့ဝှက်စုံစမ်းခဲ့သော်လည်း သူတို့သည် အလွန်နှုတ်လုံကြသည်။ သူ အိမ်​တော်ဆီက​နေ သိလာခဲ့ရသည့် ဟိုနည်းနည်း သည်နည်းနည်း အတင်းအဖျင်း​တွေနှင့် သူ့ အသိစိတ်ထဲက မှတ်ဉာဏ်အချို့ကိုသာ မှီခို​ရသည်။

ရှေးခေတ်က လက်ရေးစာမူ အများအပြား ထားရှိရန် အလှမ်းဝေးလွန်းသော်လည်း အချို့သော မှတ်တမ်းများကိုတော့ ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။
အာဏာရှင်ကြီး ညီလာခံတက်နေချိန်မှာ ဝန်ကြီးတစ်ယောက်က သူ့ကို မထီမဲ့မြင်ပြုပြီး ဒေါသထွက်​စေသည့်အရာတစ်ခုကို ပြောခဲ့ကာ သူ့ကို ဒေါသထွက်စေခဲ့တယ်လို့ ဆိုသည်။

တစ်စက္ကန့်အတွင်း အာဏာရှင်ကြီးသည် အရပ်ဘက်နှင့် စစ်ဘက်ရေးရာ ဝန်ကြီးကို အေး​အေး​ဆေး​ဆေးနှင့် တည်ငြိမ်သော အမူအရာဖြင့် စိုက်ကြည့်နေပြီး နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးများသည် လူသစ်တစ်​ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ နီရဲသွားသည်။

သူ့မျက်နှာမှာ စိတ်ရူးပေါက်မှုကြောင့် အ​နေအထားပျက်နေပြီး သူ့ရဲ့ရန်ငြိုးထားမှုမှာလည်း ဆိုးရွားလာလေသည်။ သူ အစောင့်၏ဓားကို ချက်ချင်းဆွဲယူ၍ တိခနဲဖြတ်ချကာ မြေပြင်ပေါ် သွေးများယိုစီးကျသွားသည်အထိ နေရာမှာတင် သတ်ပစ်လိုက်လေသည်။ ခန်းမကြီးတစ်ခုလုံး အလွန်တိတ်ဆိတ်သွား​တော့၏။ နန်းတွင်းအရာရှိကြီးတွေမှာ ထိတ်လန့်ပြီး နောက်ထပ်အလောင်းတွေဖြစ်လာမှာကို ကြောက်၍ ဘာမှ ထပ်မပြောရဲတော့ပေ။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now