[4]

2.9K 389 6
                                    

[Unicode]

အခန်း(၄): လာဘ်​ရွှင်ရုပ်

စန်းရှီနှင့် စကားပြောပြီးနောက် ဝမ်မင်ယွီ သူ့လက်ကို ဝှေ့ယမ်းကာ ခဏလောက် အနားယူချင်ကြောင်း ပြောခဲ့သည်။ ကုတင်ဘေးသို့ လျှောက်သွားပြီး သူ့ခန္ဓာကိုယ်ကို လှဲချလိုက်သည်။ပျော့ပျောင်းနူးညံ့တဲ့ဘရိုကိတ်စောင်ထဲသို့ နစ်မြုပ်သွားကာ သူ့တစ်ကိုယ်လုံး တိမ်ပေါ်တွင် လဲလျောင်းနေရသလိုပင်။

ဘေးကင်းစွာ ပြန်ရောက်လာသော်လည်း သူ့ခြေထောက်များက အနည်းငယ် ပျော့နေသေးသည်။

အာဏာရှင်ကြီးရဲ့အရှိန်အဝါမှာ ယခင်က သူ မြင်ဖူးသမျှ အယ်လ်ဖာ​တွေထက်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ အကယ်၍ ထိုလူသာ ကြယ်တာရာခေတ်ထဲသို့ ရောက်သွားခဲ့မည်ဆိုလျှင် သူကား စစ်ဗိုလ်ချုပ်အဆင့်တွင် ရှိနေမည်မှာ အမှန်ပင်။

ကံကောင်းထောက်မလို့ သူ ဒီနေ့ ကောင်းချီးပေးခံရသော်လည်း နောက်တစ်ကြိမ်မှာ​တော့ ဘယ်လိုဖြစ်လာမယ်မှန်း ဘယ်သူက သိနိုင်မလဲ? သူက​တော့ အာဏာရှင်ကြီးနှင့် နောက်တစ်ကြိမ် ထပ်မ​တွေ့ချင်တော့ပေ။

ဝမ်မင်ယွီသည် အိပ်ယာမှထကာ ဒူးထောက်ထိုင်၍ လက်ဖဝါးနှစ်ဖက်ကို ရိုသေစွာ ဆုပ်ကိုင်ကာ မျက်စိမှိတ်ပြီး ဆု​တောင်းခဲ့သည်။ သူ့ရဲ့ဆုတောင်းချက်တွေကို ကောင်းကင်ဘုံက ကြားနိုင်လိမ့်မည်ဟု သူ မျှော်လင့်ခဲ့၏။ဝမ်းနည်းစရာမှာ ကောင်းကင်ဘုံက သူ့ရဲ့အသနားခံချက်ကို ဂရုမစိုက်ကြောင်း ထင်ရှားခဲ့သည်။

နှစ်ရက်အကြာတွင် အာဏာရှင်ကြီးက သူ့ကို ထပ်မံဆင့်ခေါ်ခဲ့သည်။

ထိုအချိန်တွင် မုကျန်းသည် အစီရင်ခံစာများကို ကြည့်ရှုစစ်ဆေးနေပြီး နန်းတော်အ​စေခံများအားလုံးက အပြင်ဘက်တွင် ရှိနေကာ အခန်းထဲတွင် သူတစ်ဦးတည်းသာ ရှိနေလေသည်။မိန်းမစိုး​ခေါင်း​ဆောင် ကျောက်တချွမ်
တောင်မှ တံခါးအပြင်ဘက်တွင် ရပ်နေရသည်။

လေထုသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သက်ရှိ​ဝိညာဉ်တွေ မရှိသကဲ့သို့ မှုန်မှိုင်းနေကာ လေးလံနေ၏။ အအေးဓာတ်ခပ်ပြင်းပြင်းနှင့်အတူ အုံ့မှိုင်းပြီး အသက်ရှူကြပ်လောက်တဲ့ တိတ်ဆိတ်မှုတွေသာ အုပ်စိုး​နေသည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now