[9]

1.8K 326 4
                                    

[Unicode]

အခန်း(၉): မူး​နေတဲ့ ယုန်​လေး

မုကျန်း သူ့​ရဲ့သင်ယူတိုးတက်မှုကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်လူကို သူ့ဘက်သို့ ပြန်ခေါ်လာပြန်သည်။

ညနေစာစားဖို့အချိန်ရောက်ပြီမို့ ဝမ်မင်ယွီက​တော့ အာဏာရှင်ကြီး ဒီကို​ရောက်လာတာက ထမင်းအတူစားရန် တောင်းဆိုဖို့ ရောက်လာခဲ့တာလို့ ထင်မိသည်။

ဖြစ်နိုင်တာက သူ(ဝမ်မင်ယွီ)က စား​သောက်​ရေးမှာ စိတ်အားထက်သန်လို့များလား။ ချက်ထားတဲ့ ပေါင်းအိုးထဲမှာ သူတစ်ကိုယ်လုံး ပက်လက်စီး​မျော​နေပြီး စိတ်အားထက်သန်စွာ စား​သောက်​နေတာကို မှန်းကြည့်ကြည့်ပါလား။ မြင်နေရတဲ့ သူ ကိုယ်တိုင်လည်း ဗိုက်ဆာလာမှာပဲ​လေ။ အစားအသောက်တွေကို ကြည့်ရတာ အရသာရှိမယ့်ပုံဆိုပြီး စားချင်စိတ် ဖြစ်လာမှာပဲ။

ခန်းမတံခါးမှ ထွက်လာသောအခါ ဝမ်မင်ယွီသည် သူ့ရှေ့ရှိ မုကျန်း၏နောက်ကျောကို ကြည့်လိုက်သည်။ တစ်နည်းတစ်ဖုံ မိဘဖြစ်သူက သားသမီးတွေကို ကျောင်းကနေ ညစာစားဖို့ အိမ်ပြန်ခေါ်လာတဲ့ ခံစားချက်မျိုးရလိုက်သလိုပင်။

သူ မသိစိတ်က​နေ ထုတ်​မေးမိသွားသည်။ "အရှင်.....ကျွန်တော်မျိုးတို့ ဒီ​နေ့ဘာစားကြမလဲ?စား​သောက်ပွဲထဲမှာ နူးအိ​နေတဲ့ဝက်သားပါလား?

မုကျန်း သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး သူ့နောက်က​နေ လိုက်နေတဲ့ ကျောက်တချွမ်ကို ကြည့်လိုက်၏။ ကျောက်တချွမ်သည် ခဏရပ်သွားကာ လျင်မြန်စွာ သဘောပေါက်သွားပြီး မရှိကြောင်း ပြန်ဖြေလိုက်သည်။ သို့သော် ယနေ့ညတွင် နန်း​တော်ထဲ၌ ရရှိနိုင်မည့် အရသာရှိသည့်ဟင်းပွဲများစွာ ရှိကြောင်း ဟင်းပွဲတစ်ခုချင်းစီတိုင်းသည် သုံးထပ်သားဟင်းကဲ့သို့ အရသာရှိကြောင်းပါ သူပြောခဲ့သည်။

ဝမ်မင်ယွီ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အဲ့ဒီဟင်းတွေကိုလည်း ကြိုက်ပါတယ်"

ဒါပေမဲ့ လေသံက နည်းနည်းတော့ ပျော့သွား၏။

ခေါင်းထိပ်က မမြင်ရတဲ့ နားရွက်တွေက တွဲလွဲကျ​နေသလို၊ အပေါ်က ဆံပင်တွေကလည်း တတ်ကြွမှုမရှိ သက်မဲ့သတ္တဝါတွေလို ပြန့်ကျဲနေပြီး အားလုံးက သူ့အမူအရာပေါ်မှာ ရိုးရိုးသားသား ရောင်ပြန်ဟပ်နေ၏။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now