[24]

1.1K 182 8
                                    

[Unicode]

အခန်း(၂၄):သစ်သီးဝိုင်


နေ့ရက်များက​တော့ ယခင်အတိုင်းပင်။ အတန်းတက်လိုက်၊ အိမ်စာတွေပြီး​အောင်လုပ်လိုက်၊ ဇာတ်လမ်းတွေကို ခိုး​ကြောင်ခိုးဝှက် ဖန်တီးလိုက်၊ အာဏာရှင်ကြီးကို ဖားလိုက်ဖြင့်သာ။

ဝမ်မင်ယွီသည် နောက်ဆုံးမှာ​တော့ သူ့ရဲ့နေထိုင်မှုပုံစံသစ်နှင့် အံ့ဝင်ဂွင်ကျ ဖြစ်လာပြီး နန်းတော်သို့စရောက်ခါစက စိုးရွံ့ထိတ်လန့်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ယခုမှာ​တော့ အ​တော်​လေး အဆင်​ပြေလာခဲ့ပြီ ဖြစ်သည်။အထူးသဖြင့် ယခင်ကဆို အရမ်းရှက်ရွံ့တတ်တဲ့ စန်းရှီသည်လည်း ပိုပြီး ညဏ်​​ကောင်းလာပြီး ရဲရင့်လာသည်။

မုကျန်း သူ့ရဲ့အိမ်စာ​တွေကို စစ်​ဆေးသည်မှာ ရှားရှားပါးပါးဟု ဆိုရမည်။စစ်​ဆေးသည့်အခါတိုင်းလည်း အချိန်တွေကြာတတ်ပြီး သူလုပ်ခဲ့တဲ့ အမှားတွေအားလုံးကို အမှတ်တမဲ့ ထောက်ပြတတ်သည်။ အဲ့လိုအချိန်တိုင်း ဝမ်မင်ယွီက​တော့ ခေါင်းငိုက်စိုက်ချကာ အကျင့်ဆိုးရှိ​နေတဲ့ကလေးကဲ့သို့ ဆုံးမခြင်းကို ခံနေရတော့သည်။ သူ့စိတ်ထဲတွင် အနည်းငယ်စိတ်ဆိုးနေသော်လည်း စေ့စေ့နားထောင်ပြီး အမှားတွေကို ပြင်နေဆဲ။

ယ​နေ့တွင်လည်း မုကျန်း သူ့ရဲ့အိမ်စာတွေကို စစ်​ဆေးရန် ယူကြည့်ပြီး အမှား​တွေကို ထောက်ပြလိုက်သည်။ဝမ်မင်ယွီခင်ဗျာ သူ့ဘဝသူ​တောင် သံသယဝင်သွားရပြီး သူ ရေးထားသမျှ​တွေက -ျီး လိုပင် ခံစားလိုက်ရသည်။

လွန်ခဲ့တဲ့နှစ်ရက်​က​တောင် ဆရာကုန်းက သူ့ကို ရှင်းရှင်းလင်းလင်း ချီးကျူးခဲ့သေးတယ်။ပြောမကောင်းလို့ပဲလား?

ကံကြမ္မာက​နေ ရှောင်ချင်​နေတဲ့ ဝမ်မင်ယွီက​တော့ မကျေမနပ်ဖြစ်ကာ မုကျန်းကို အသက်ပင် ရဲရဲမရှူဘဲ စိုက်ကြည့်နေ​တော့​သည်။ "အရှင်.....နည်းနည်းလေး​တောင် ချီးကျူးစရာ မရှိတော့ဘူးလား?"

သူ့မျက်လုံးထဲမှာတော့ ချီးကျူးစမ်းပါဟု ရေးထားသလို။မုကျန်း သူ့ မျက်လုံးတွေကို စေ့​စေ့ကြည့်ပြီး စာရွက်​ပေါ်က စကားလုံးနှစ်လုံးကို ထောက်ပြလိုက်သည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now