[23]

1.3K 198 12
                                    

[Unicode]

အခန်း(၂၃): နို့ကိတ်

အဲ့ဒီ​နေ့မှာပင် ယခင်ကအဖြစ်အပျက်တွေကို ပြန်သတိရမိတာ​ကြောင့် မုကျန်းသည် နေဝင်သည်နှင့်တစ်ပြိုင်နက် အတိတ်ကအ​ကြောင်းအရာ​တွေကို အမှန်တကယ် အိပ်မက်မက်ခဲ့ချေ၏။

ယခုအချိန်နှင့်မတူစွာ သူသည် အားနည်းပြီး ခိုကိုးရာမဲ့ဖြစ်​နေတဲ့ ကလေးငယ်​လေး တစ်​ယောက်သာ ဖြစ်နေပြီး မည်သူမဆို သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည်ပင်။ယခုကဲ့သို့ အာဏာကို ကိုင်စွဲထားသည့် အာဏာရှင်ကြီးတစ်​ယောက်မဟုတ်ပေ။အကြီးမားဆုံး ခြိမ်းခြောက်မှုက​တော့ သူ့မွေးမိခင် ရှု့​ဖေးပင်။
နန်းတွင်းအစေခံတွေက ရှုဖေးရဲ့ညွှန်ကြားချက်အရ သူ့ကို ရေကန်ထဲသို့ တွန်းချခဲ့ကြသည်။ ရေမှာ အရိုးကွဲမတတ် အေးခဲနေပြီး သူ့အရိုးအဆစ်များထဲသို့ပင် အ​အေးဓါတ်က စိမ့်ဝင်လာသည်။သူ အေးလွန်း​သောအပူချိန်ကြောင့် တစ်ခိုက်ခိုက် တုန်ရီ​နေ​တော့သည်။ ပြန်ရုန်းထဖို့ကြိုးစားသော်လည်း အကြိမ်ကြိမ် တွန်းချခံခဲ့ရသည်။

ကန်ထဲကရေတွေက သူ့ရင်ဘတ်အတွင်းထဲသို့ ရောက်ရှိလာပြီး လေပြွန်နှင့် အဆုတ်များအတွင်းသို့ မ၀င်ရောက်မီ ပါးစပ်နှင့် နှာခေါင်းတို့မှ ကျူးကျော်ဝင်ရောက်လာသည့်မို့ အတွင်း၌ ရှိနှင့်နေတဲ့ လေကြောင့် အသက်ရှုကြပ်သွား​စေပြီး အသက်ရှူမဝသည့်ဝေဒနာက သူ့အပေါ် လွှမ်းခြုံလို့သွားသည်။
သူ အားအင်ကုန်ခန်းသွားပြီး ရုန်းကန်​နေသည်ကို စွန့်လွှတ်လိုက်တော့သည်။ လက်နက်ချပြီး အေးခဲ​နေတဲ့ ရေထဲ နစ်မြုပ်သွားခဲ့၏။ 

အေးစက်​နေတဲ့ရေတွေက မည်းညစ်​နေတဲ့အနက်ရောင် အရည်များသို့ ပြောင်းလဲသွားပြီး သဲကဲ့သို့ လူကို စုပ်ယူသွားရာ အမှောင်နှင့် တသားတည်းဖြစ်သွားလေ၏။မည်းညစ်​နေတဲ့ရွှံ့ရည်တွေက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်​ရောက်လာကာ တဖြည်းဖြည်း ယိုယွင်းလာလေ​တော့သည်။

ရုတ်တရက်ပင် သစ်သီးရနံ့လေးက သင်းပျံ့တိုး​ဝှေ့ လာ၏။ယခုလို​နေရာမျိုး၌ ရှိမ​နေတတ်သည့် ကြည်နူးစရာ ချိုမြိန်မှုလေးတစ်ခုပင်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now