[25]

1.2K 207 5
                                    

[Unicode]

အခန်း(၂၅):ဟိဒ်ကာလ

ယနေ့နံနက် ဝမ်မင်ယွီ အိပ်ရာက​နေ နိုးလာတဲ့အခါ တစ်စုံတစ်ရာလွဲမှားနေတာ​တွေကို သတိမထားမိချေ။ အရာအားလုံး ပုံမှန်အတိုင်းသာ ဆက်သွားနေခဲ့သည်။ ကိုယ်လက်​ဆေး​ကြောတယ်၊ ရေစိမ်တယ်၊ အဝတ်အစား​တွေ လဲတယ်၊ ပြီး​တော့ မနက်စာစားတယ်။နောက်ပြီး အတန်းတက်ဖို့ သူ့စာကြည့်ခန်းကို သွားတယ်။

လမ်းမ​ပေါ်တွင် နေ​ရောင်​တောက်​နေတာ​ကြောင့်
သူခေါင်းမှာ မူးနောက်နောက်ဖြစ်နေပြီး သူ့လက်ဖဝါးတွေကလည်း အနည်းငယ် ပူနေသော်လည်း လက္ခဏာများမှာ ဖျော့​တော့​နေတာ​ကြောင့် သိသိသာသာကြီးဖြစ်မ​နေ​သေး​ပေ။တစ်ခါတစ်လေမှာ ဘေးလူ​တွေက ပြဿနာကို မိမိကိုယ်တိုင်ထက် ပိုမိုရှင်းလင်းစွာ နားလည်နေနိုင်သည်။

စန်းရှီ သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်ရင်း စိုးရိမ်သွားမိသည်။ "သခင်​လေးကို ကြည့်ရတာ သိပ်မလန်း​နေဘူး။ခန္ဓာကိုယ်က နေလို့ မကောင်းဘူးလား?"

သူ့အကြည့်တွေကို ပြောင်းလိုက်ရင်း..."အဆင်ပြေတယ်လို့​တော့ထင်တယ်...."

သူ လက်ကိုဆန့်ကာ နှာဖူးကို စမ်းလိုက်သည်။ သူ့အပူချိန်က ပုံမှန်ဖြစ်နေတယ်လို့ ခံစားမိတဲ့အတွက် ခေါင်းခါပြီး အားလုံးအဆင်ပြေကြောင်း ပြောလိုက်သည်။

ဒါပေမဲ့ စန်းရှီ ဆက်​​ပြောလိုက်၏။ "အခုနောက်ပိုင်း အေးလာပြီ။ သခင်​လေး အကျီ​တွေ ထပ်ပြီး များများဝတ်ဖို့ စဉ်းစားသင့်ပါတယ်။ အခုနှစ်မှာ အအေးဓာတ်တွေက ပိုပြင်းလာပြီး လေပြင်းတွေလည်း တော်​တော်တိုက်​နေပါတယ်"

ဝမ်မင်ယွီ သူ့အား ဂရုစိုက်ပေးတဲ့အတွက် စန်းရှီကို ကျေးဇူးတင်စကား​ပြောခဲ့သည်။ သို့သော် အနှီဝေဒနာပိစိ​တွေကို သူ သိပ်ပြီး ဂရုမစိုက်ပေ။ သူ အ​နေနဲ့ အအေးမိလျှင်ဖြစ်​စေ အဖျားနှင့် အခြားရောဂါများအတွက် မိမိဘာသာ ကုသဖို့ကိုသာ အားကိုးခဲ့သည်။ ဆေးဝါးအတွက် ငွေကြေးအကုန်အကျ လုံးဝ မလိုအပ်ပေ။နောက်ထပ်ရက်အနည်းငယ်စောင့်ပါက သူ နေကောင်းသွားလိမ့်မည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now