[11]

2K 328 2
                                    

[Unicode]

အခန်း(၁၁): ဖြေရှင်းကြခြင်း

မုကျန်းသည် တစ်​​နေရာမှ ထွက်လာခဲ့ပြီး သူ့အသံမှာ အေးစက်၍ လေးနက်နေလေသည်။သခင်မဟုန်ခင်ဗျာ ဖြူဖျော့သွားပြီး ချက်ချင်းပင် ချွေးအေးများထွက်လာ​တော့သည်။မုကျန်း ရောက်လာဖို့ သူ မမျှော်လင့်ထားမိ​ပေ။ခုနတုန်းက သူမ အော်ပြောခဲ့သည့်စကားတွေကြောင့် သူမ ကိုယ့်ကိုကိုယ် ပါးရိုက်ချင်မိသည်။ တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် ဒူး​ထောက်၍ ဝပ်တွားချကာ အရိုအ​သေပေးရင်း ခေါင်းကိုပင် ပြန်မမော့ဝံ့တော့ပေ။

"အမတ်ကြီးရဲ့ဇနီးက အရှင်မင်းကြီးရဲ့ရှေ့မှာ ဒူး​ထောက်ပြီး ခွင့်လွှတ်ပေးတော်မူပါလို့ တောင်းပန်ပါတယ်... ဒီမှာ ဘာပြဿနာမှ မရှိပါဘူး။ကျွန်​တော်မျိုးမ က စိတ်ပူပြီး နည်းနည်းလေးစိုးရိမ်နေတာကြောင့် ယွီယွီနဲ့ ရိုးရိုးရှင်းရှင်း စကားစမြည်ပြောနေခဲ့ရုံပါ။ယွီယွီက အမတ်ကြီးအိမ်တော်ရဲ့သားဖြစ်ပြီး ထုံးစံအတိုင်း ဒီ​နေ့​​ပြောတဲ့ အ​ကြောင်းအရာက သူ ကောင်းကောင်းနေထိုင်ဖို့....မျှော်လင့်ချက်အပြည့်ရှိနေတယ် ဆိုတဲ့......"

သခင်မဟုန်၏အသံမှာ ယိမ်းယိုင်နေပြီး သူမ တစ်ကိုယ်လုံးသည်လည်း တုန်ရီ​နေတော့သည်။ သူမ ကောင်းကောင်းမွန်မွန်ဖြင့် အဆီအ​ငေါ်တည့်စွာ ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် သူမ၏စကားလုံးများကိုလည်း ကောင်းစွာ မဖော်ပြနိုင်ဘဲ ပျင်းစရာကောင်းပြီး ခြောက်ကပ်စွာ တစ်ပတ်လည်ရိုက်​နေ​တော့သည်။

ဒါပေမယ့် ပုန်း​နေတဲ့ ဝမ်မင်ယွီက​တော့ သူမထက် ပိုကောင်းတဲ့ စိတ်အ​ခြေအ​နေမှာမရှိနေဘူးဆိုတာကိုတော့ သူမ မသိခဲ့ပေ။မုကျန်း ရောက်ရှိလာတော့ သူ့ရဲ့ဦးရေပြားမှာ နှလုံးခုန်သံကြောင့် လောင်ကျွမ်းနေပြီး တင်ပါးအောက်ရှိ ခွေးခြေကလည်း ဆေးထိုးအပ်များ ပါနေသကဲ့သို့ နေရာက​နေ ခုန်ချပြီး လှည့်ပတ်ထွက်ပြေးပစ်ချင်တော့သည်။သခင်မဟုန်နဲ့ အခုလေးတင် ရင်ဆိုင်လိုက်တဲ့ ရက်စက်တဲ့ ခံစားချက်တွေက ဘယ်ရောက်သွားလဲ မသိ​တော့။

ဖာ့ခ် သောက်ကျိုးနည်းငါ့ဘဝကြီးပါလား! ခွေးဧကရာဇ်က ရန်ငြိုးဟောင်းတွေကို ဖြေရှင်းဖို့ ကြွလာခဲ့တယ်​ပေါ့!

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now