[10]

2.1K 330 5
                                    

[Unicode]

အခန်း(၁၀): ဝိုင်တိုက်ခြင်း


မုကျန်း ဒေါသကြောင့် ရယ်ချလုမတတ်ပင် ဖြစ်သွားသည်။ သူ့ရဲ့နှုတ်ခမ်းထောင့်နှစ်ဖက်ကို ဆွဲကာ “မင်း ဘာပြောလိုက်တာလဲ?ထပ်ပြောလိုက်စမ်း!"

ဝမ်မင်ယွီသာ အသိဝင်နေပါက သူသည် အနှီခြိမ်းခြောက်မှုကြီးကို ခံစားမိပြီး အမြော်မြင်ရှိရှိဖြင့် အခြားအကြောင်းအရာကိုသာ ပြန်ပြောင်းပြောလိုက်မည်ဖြစ်သည်။

သို့သော်လည်း ဝမ်မင်ယွီသည် အလဟဿဖြစ်သွားပြီး သူ့ဦးနှောက်မှာ သူ့ကို အသိ​ပေးဖို့ ပျက်ကွက်ခဲ့လေသည်။ မုကျန်း၏လေသံထဲက အန္တရာယ်ကို သူ မခံစားမိဘဲ ရူး​ကြောင်​ကြောင်ပင် ပြုံးပြလိုက်သေးသည်။ သေမှာကို မကြောက်တဲ့အပြင် အကြိမ်ကြိမ် ထပ်မံ ကြိမ်းမောင်းလိုက်သေးသည်။

"ခွေးဧကရာဇ်!"

မုကျန်း၏မျက်ခုံးမှာ မြင့်တက်လာပြီး သူ့နဖူးထောင့်တွေကို ဖိထားလိုက်ရသည်။ သူ့အမူအယာအရ ပြောရရင်တော့ လူကို အသေသတ်ဖို့ တိုက်ရိုက်စဉ်းစားနေတာပဲလား ဒါမှမဟုတ် အသိဝင်လာ​အောင် ကန်ထုတ်ပြီး မသတ်ခင် လူကို ညှဉ်းပန်းနှိပ်စက်ခိုင်းရမလားပဲ။

မည်သို့ပင်ဆိုစေကာမူ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မုကျန်း တည်ငြိမ်သွားခဲ့သည်။ အရက်မူး​နေတဲ့သူနှင့် ငြင်းခုံနေရတာက သူ့ဂုဏ်သိက္ခာ ကျရတယ်လို့ သူ တွေးမိသွားသည်။သူ တစ်ဖက်လူ၏ဦးခေါင်းကို ဖယ်ရန် လက်ကိုဆန့်ထုတ်လိုက်၏။

သို့သော် တစ်ဖက်တွင်မူ ဝမ်မင်ယွီသည်ကား သက်​တောင့်သက်​သာရှိသည့်​နေရာ​လေး၌  စိတ်ကူးယဉ်မျောလွှင့်​နေပြီး သူ့ကိုယ်ပိုင်နေရာ​လေး ဖြစ်သကဲ့သို့ အခိုင်အမာပင် ငြင်းပယ်နေခဲ့သည်။ သူ့ကို တွန်းဖယ်လိုက်သည်နှင့် ချက်ချင်းပင် ပြန်ကပ်လာပြီး မုကျန်း၏လက်မောင်းကို ပွေ့ဖက်လိုက်သည်။

မုကျန်း အနည်းငယ် အံ့သြသွားသည်။ ဝမ်မင်ယွီသည် ဆင်ခြင်တုံတရားမဲ့စွာ မူးရူးနေပြီး သူ့ရဲ့ အပြုအမူတွေမှာ ပုံမှန်အပြုအမူတွေနှင့် လားလားမှ မဆိုင်။ အသိဝင်​နေတုန်းက​တော့ သူက အမြဲလိုလို ရှက်ရွံ့သလိုလို ပြုမူနေပြီး နီရဲနေတဲ့မျက်နှာမျိုး ရှိ​နေတတ်ကာ သူ့ရဲ့ ခြေထောက်တွေကလည်း အလွန်အမင်းကို တုန်ရီနေတတ်သည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now