[15]

1.6K 292 4
                                    

[Unicode]

အခန်း(၁၅):မြင်းစီးခြင်း

တော်ဝင်အမိန့်ပြန်တမ်းအရ ရုန်ကောင်းကုန်းနှင့် သူ့မိသားစုတစ်စုလုံးကို ကွပ်မျက်ခံခဲ့ရသည်။
စည်းစိမ်ဥစ္စာ၊ ဂုဏ်ကျက်သရေတွေ အပြည့်နှင့် ထိပ်မှာ ထိုင်နေသူတစ်ယောက်တစ်ဖြစ် တစ်ချိန်က အထင်ကြီးလေးစားခံခဲ့ရတဲ့ မင်းဆက်သုံးဆက်ရဲ့ အရာရှိဟောင်းတစ်ဦးဟာ တစ်ညတည်းနဲ့ လုံးလုံးလျားလျား အနိုင်ယူခံလိုက်ရပြီး မြေပြင်မှာ သွေးစွန်းကွက်​တွေသာ ကျန်ရစ်နေခဲ့သည်။
အနှီရုတ်တရက်အဖြစ်အပျက်ကြောင့် တရားရုံးတော်မှာ အတော်လေး ကယက်ရိုက်ခတ်သွားခဲ့သည်။

အထိခိုက်ဆုံးမှာ ရုန်​ကောင်းကုန်း၏အဖွဲ့ပင်။မုကျန်း ထီးနန်းတက်လာခဲ့သည်မှာ တရားမျှတမှုမရှိဟု ယုံကြည်ထားကြသည်။သူတို့ မကျေနပ်ကြသဖြင့် လှည့်ကွက်လေးတွေဖြင့် မသိမသာ စစ်ထိုး​နေကြသည်။မုကျန်းက အမှုထမ်းဟောင်းများကို ကြောက်ရွံ့နေမည်ဟု ယူဆကြပြီး သူတို့ဘက်တွင်လည်း ဆွဲဆောင်နိုင်စေရန် နည်းလမ်းများ ရှာဖွေထားသောကြောင့် သူတို့အ​နေဖြင့် အနည်းငယ် မာနကြီးလာပြီး ဘဝင်မြင့်သွားခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင် သူတို့အားလုံးသည် မုကျန်း၏လက်ဦးမှုကို မြင်သွားကြသည်။

မုကျန်းသည် ပြိုလဲသွားပြီဖြစ်တဲ့ ရုန်​ကောင်းကုန်း၏ရာဇဝတ်မှုတွေ၊ ပြစ်မှု​တွေ တစ်ပုံတစ်ခေါင်းကြီးကို သေသေချာချာ မှတ်တမ်းတင်ထားသည်။ ငယ်ရွယ်နုပျိုတဲ့ ဘုရင်အသစ်က သူတို့ကို မကြောက်ဘဲ၊ သနားညှာတာမှုကင်းသော နည်းလမ်းဖြင့် သုတ်သင်နိုင်စွမ်းရှိလေသည်။ ခဏလောက်တော့ သူတို့သည် ကြိုးစင်အတင်ခံရမယ့် နောက်ထပ်သား​ကောင်​တွေ ဖြစ်လာမည်ကို ကြောက်တဲ့အတွက် အခွံထဲမှာ ပုန်းနေတဲ့ လိပ်တွေလိုပဲ နေ​နေ​ကြတော့သည်။

ထိုအဖြစ်အပျက်များကို နန်းတွင်းထဲ၌နေထိုင်တဲ့ ဝမ်မင်ယွီက​တော့ လုံးဝမသိလိုက်ပေ။
သူက​တော့ ကိုယ်ခံပညာအတန်းသို့ တက်ရောက်ရန် စိတ်အားထက်သန်နေခဲ့သည်။ သူအ​နေနဲ့ ကိုယ်ခံပညာကို သင်ယူဖို့ ဆန့်ကျင်လိုစိတ်မရှိသော်လည်း သူ့ရဲ့ဆရာမှာ မုကျန်း မဟုတ်ပါက များစွာသော ဖိစီးမှုအောက်တွင် ရှိနေမည် မဟုတ်။ကိုယ်ခံပညာနယ်ပယ်သည် ကျယ်ပြောလှပြီး လေ့ကျင့်ရန် နေရာကျယ်ကျယ် လိုအပ်သည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now