[26.1]

1.7K 206 10
                                    

[Unicode]

အခန်း(၂၆.၁): ကျီကျီကျာကျာ

သို့သော်ငြား ယင်းမှာ အတုအ​ယောင်ဟိဒ် ဖြစ်တာ​ကြောင့် အနည်းဆုံးတော့ ဝမ်မင်ယွီရဲ့ဖယ်ရိုမုန်း​တွေသည် မွှေးပျံ့သောရနံ့များဖြင့် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားကာ မုကျန်းကို ရူးသွပ်သွား​စေပြီး အတင်းအကြပ်အမှတ်အသားပြု​စေ​လောက်သည်အထိ အဆိုးရွား​သွား​ပေ။

ဝမ်မင်ယွီကား ယခုလိုအခြေအနေမျိုး မကြုံခဲ့ဖူးသည်မို့ ဇီဝကမ္မဆိုင်ရာ ဗဟုသုတတွေကို သူ့မှတ်ဉာဏ်တွေကိုသာ မှီတင်းနိုင်ခဲ့ရသည်။ ထို့နောက် သူ မုကျန်းရဲ့အကျီလက်​တွေကို တိတ်တဆိတ်လွှတ်ချလိုက်ကာ အိပ်ယာပေါ်ပြန်လှဲလိုက်ပြီး သူ့ကိုယ်သူ ဘောလုံးလေးတစ်လုံးအဖြစ် ကွေးချလိုက်တော့သည်။

သူ မုကျန်းရဲ့ဖယ်ရိုမုန်း​တွေကို ထပ်ပြီး လိုချင်သော်လည်း အများကြီးယူလိုက်လို့ မူး​ဝေကာ အသိစိတ်လွတ်သွားပြီး နောက်ပြန်လှည့်လို့မရတဲ့ အ​ခြေအ​နေတစ်ခုခုကို သူ လုပ်မိသွားလိမ့်မည်။
ထို့ပြင် ယခုအချိန်တွင် သူ့ရဲ့လူပုံစံကို ထိန်းသိမ်းရန် ခက်ခဲနေပြန်သေးသည်။

သူ့ရဲ့ဦးခေါင်းကို စောင်ထဲသို့ နစ်မြှုပ်လိုက်သည်နှင့် တပြိုင်နက် ယုန်နားရွက်လေးနှစ်ဖက်သည် သူ့ခေါင်းပေါ်က​နေ ပြူခနဲထွက်ကျလာကာ သူ့မျက်နှာအနည်းငယ်ကို ဖုံးကွယ်သွားလေသည်။ အပူချိန်မြင့်မားနေတာကြောင့် ယုန်နားရွက်​လေးများမှာ ပန်းရောင်သန်းနေလေသည်။

ဝမ်မင်ယွီသည် ဦးခေါင်းက​နေ ခြေဖျားအထိ မီးလို ပူလောင်နေကာ သူ့ရဲ့မှိုင်းရီ​နေတဲ့မျက်လုံးထောင့်စွန်း​လေးများမှာ နီရဲနေပြီး ထူထဲ ရှည်လျားသည့် မျက်တောင်လေး​တွေမှာ စိုစွတ်နေကာ မျက်ရည်ကျထားသလို မျက်ရည်စများ ကပ်ညိနေလေသည်။ သူ့ နှုတ်ခမ်းတွေက အနည်းငယ် ကွဲအက်နေပြီး လည်​ချောင်းထဲက​နေ လေပူပူ​တွေကို ရှူထုတ်လိုက်ရာ သူ့လည်ပင်းရှိ အရေပြားမှာ နီရဲလာသည်။နေရထိုင်ရတာ မသက်သာဖြစ်လွန်းရာ သူ့အကျီရင်ဘတ်ကို ဆွဲမဖွင့်ဘဲ မ​နေနိုင်​တော့​ပေ။

You've reached the end of published parts.

⏰ Last updated: Nov 10, 2023 ⏰

Add this story to your Library to get notified about new parts!

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now