[22]

2.4K 291 8
                                    

[Unicode]

အခန်း(၂၂): စကားစမြည်

ဝမ်မင်ယွီသည် သူ တွေးလိုက်မိတဲ့ အတွေးကြောင့် သူ့ကိုယ်သူ ရုပ်ရှင်ဆန်သွားသလို ခံစားလိုက်ရသည်။သူ ရယ်ရမလား ငိုရမလားတောင် မသိ​တော့​ပေ။

ဘယ်လိုလုပ် ဖြစ်နိုင်မလဲ!

သို့သော် မုကျန်းကဖြင့် အခန်းကိုစစ်ဆေးပြီးနောက် သူ့ရဲ့အိပ်ယာနားဆီ ပြန်​ရောက်သွားချိန်မှာ​တော့ သူ့ရဲ့မျက်နှာအ​နေအထားမှာ ပုံမှန်ပြန်ဖြစ်သွားသည်။ မဖြစ်နိုင်ဟုပြောနေသည့် ဝမ်မင်ယွီရဲ့နှလုံးသားထဲမှာတော့ အက်ကွဲစပြုလာပြီး မုကျန်းက ပုန်းအောင်းနေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့လူကို တကယ်ကြီးလိုက်ရှာနေသလားဟု တွေးရုံမှတပါး မရှိတော့ပေ။

ဝမ်မင်ယွီ မျက်လုံးကို နှစ်ခါမျှ မှိတ်တုတ်မှိတ်တုတ် လုပ်ပြီးနောက် သူ မေးလိုက်သည်။ "အရှင်မင်းကြီး....တစ်ခုခုရှာနေတာလား?"

မုကျန်း ကုတင်​ဘေးမှာ ထိုင်လိုက်ပြီး ငြင်းလိုက်သည့် သူ့အမူအရာမှာ တည်ငြိမ်နေ၏။

"မဟုတ်ဘူး”

"........အိုး။”

ဝမ်မင်ယွီ သူ အူမြူးနေတာကို ချိုးနှိမ်နိုင်ဖို့ မနည်းကြိုးစားလိုက်ရသည်။ 'ကျွန်တော် ဘာမှမသိပါဘူး' လို့ ပြောသလိုမျိုး ခေါင်းညိတ်ပြလိုက်သည်။

သူ နုံအတဲ့ပုံစံနဲ့ ပြောလိုက်သည်။ "ကျွန်တော် အခုတ​လော အိပ်ရာထဲမှာ ဝတ္ထုဖတ်ရတာကို တော်တော်လေး ကြိုက်နေတာ။ဒါက ကျင့်ဝတ်စည်းကမ်းနဲ့ မညီပါဘူး။ယဥ်​ကျေးတဲ့ အပြုအမူမျိုးမဟုတ်ဘူး။ကျွန်​​တော့် လုပ်ရပ်အတွက် အရှင် ကျွန်တော့်ကို အပြစ်ပေးမှာလား?"

မုကျန်းသည် သူ့စကားတွေကို နားထောင်ရင်း ကုတင်ခေါင်းရင်း၌ အသီးခြောက်ပန်းကန်နဲ့ ဖတ်၍ မပြီးသေးတဲ့ စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ပုံမှန်အားဖြင့် ဒီလိုသာ ဖြစ်ခဲ့ပါက သင်ခန်းစာတစ်ခု နှစ်ခုလောက် ပေးတတ်ပေမယ့် အခုချိန်မှာ သူ့ခံစားချက်တွေက နည်းနည်းရှုပ်ထွေးနေ၏။ ခဏကြာတဲ့အထိ သူ ဘာမှ ပြန်​မ​ပြောနိုင်​ပေ။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now