[3]

3.3K 439 11
                                    

[Unicode]

အခန်း(၃): ငိုက်မျဥ်းခြင်း


ဝမ်မင်ယွီသည် ဦးခေါင်းကိုငုံ့ကာ အလုပ်​ခပ်သေးသေးဖြင့် စား​နေရင်း သူ့ခြေထောက်နှစ်ချောင်းသည် တိရစ္ဆာန်ကြီးတစ်ကောင်၏ပစ်မှတ်ကို ခံနေရသည့် တိရစ္ဆာန်ငယ်လေးကဲ့သို့ တုန်လှုပ်သွားရသည်။

သူ့ထမင်းစားပြီး တစ်ဝက်လောက်မှာ ဝမ်မင်ယွီသည် တိတ်ဆိတ်လွန်းတဲ့ လေထုကို အံတုနေရပြီး မော့ကြည့်လိုက်ရုံနဲ့ သူ့ကို ရှင်းရှင်းလင်းလင်း ကြည့်နေတဲ့ အာဏာရှင်ကြီးနဲ့ မျက်လုံးချင်းဆုံတော့၏။
ဝမ်မင်ယွီ သူ့ခေါင်းကို အလိုအလျောက် ပြန်ငုံ့ဖို့ ကြိုးစားပေမယ့် တစ်ဖက်က သူ့ကို မြင်သွားပြီဖြစ်​လေရာ ရည်ရွယ်ချက်ရှိရှိ ပြန်ငုံ့၍ မရနိုင်​တော့​ကြောင့် သူ ချစ်စရာကောင်းစွာ ပြုံး၍ ပြောရ​တော့သည်။ "အရှင်.....ဒါတွေက အရသာရှိတယ်။ဘာလို့ မမြည်းစမ်းကြည့်တာလဲ?"

တစ်ဖက်မှာတော့ မုကျန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ စားပွဲကို စက်ဆုပ်ရွံရှာစိတ်ဖြင့် ကြည့်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "မင်းပဲ စား"

ဝမ်မင်ယွီသည်ကား ဘယ်အချိန် နှုတ်ပိတ်ရမည်ကို သိသည်။ သူ အာဏာရှင်ကြီးစားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ဂရုမစိုက်နေ​ပေ။ သူကား ထိုအကြည့်များကို မခံစားချင်၍သာ။ သူ ပြုံးပြီး တောင့်တင်းနေတဲ့မျက်နှာထားနဲ့ အားတင်းစားသောက်ပြီး အကြည့်တွေကို လျစ်လျူရှုဖို့ သူ့ကိုယ်သူ ကြိုးစားနေတော့သည်။

အကျိုးသက်ရောက်မှုက သေးငယ်ပေမယ့် အသုံးဝင်နေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူ မသိလိုက်မီတွင် ပန်းကန်အများစုကို ပြောင်သွားသည်အထိ စားခဲ့ပြီးပြီဖြစ်သည်။

တစ်ဖက်တွင်မူ နန်းတော်ပိုင်ရှင် မုကျန်းကဖြင့် သူ့ တူချောင်းများကို သိပ်မရွှေ့ခဲ့ပေ။ နှစ်လုပ်လောက်စားပြီးနောက် သူ စိတ်မဝင်စားတော့ဘဲ ရပ်လိုက်ပြီး တစ်စုံတစ်ခုကို သတိပြုမိသလို ဝမ်မင်ယွီကိုသာ တချိန်လုံး စိုက်ကြည့်နေသည်။
မုကျန်းသည် သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ထိပ်တွေကို နှာ​ခေါင်းဆီ တည့်လိုက်သည်။ သင်းပျံ့သော သစ်သီးရနံ့ကို ခပ်​ဖျော့​ဖျော့ရ​နေ၏။ယင်းရနံ့မှာ မွှေးပြီး သူ့ကို စိတ်​ကျေနပ်​စေသလို။ အခုနတုန်းက ဝမ်မင်ယွီရဲ့မျက်နှာကို ထိလိုက်တုန်းက သူရလာတဲ့အနံ့ပင်။ ထူးဆန်းပြီး ရင်းနှီးနေခဲ့သည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now