[14]

1.8K 295 4
                                    

[Unicode]

အခန်း(၁၄): လျှို့ဝှက်စာ


မုကျန်းသည် သူ့ပြောထားတဲ့အတိုင်း လုပ်ခဲ့ပြီး စာအုပ်ပါ အကြောင်းအရာများကို တစ်လုံးချင်း တစ်လုံးချင်း ဖတ်ပြလိုက်သည်။ သူ့အသံက နိမ့်ကာ အနည်းငယ် အက်ရှ​နေပြီး နားထဲတွင် သာယာကြည်နူးစရာအတိပင်။သို့သော် လက်တွေ့အားဖြင့်တော့ ယင်းအသံမှာ ယခုအချိန်တွင် အသက်ကို စုပ်ယူနိုင်သော သင်္ကေတအလား။

ခင်ဗျား အကုန်လုံး ဖတ်ပြ​နေစရာ မလိုပါဘူး! ဝမ်မင်ယွီ သူ တွေ့ခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ထိုစာအုပ်ထဲ၌ မုကျန်း၏အတိတ်ဇာတ်လမ်းကို ရှင်းလင်းပြတ်သားစွာ ရေးသားထားခြင်းပင်။

မုကျန်းသည် သတ္တမမြောက်မင်းသားဖြစ်ပြီး သူ့ရဲ့မိခင်အရင်းဖြစ်တဲ့ ရှု့​ဖေးသည် ယခင်က မျက်နှာသာပေးခံခဲ့ရပြီး ကျက်သ​ရေအဖြာဖြာဖြင့် ကောင်းချီးပေးခံခဲ့ရသူ ဖြစ်သည်။ထို့​ကြောင့် အင်ပါယာ မောင်းမ​ဆောင်ထဲက သူတွေက သူမကို မနာလိုဖြစ်ကြသည်။သို့သော် သူမ ကိုယ်ဝန်ရှိလာပြီးနောက် ဧကရာဇ်သည် အသစ်ရွေးချယ်ထားသည့် နန်း​တော်ထဲက အလှလေးများကို နှစ်သက်စပြုလာသည်။ တစ်ညလုံး တိမ်တွေပေါ်ကနေ ပြုတ်ကျသွားသလို ရှု့​ဖေးသည် သည်းမခံနိုင်ချေ။ထို့​ကြောင့် သူမ ကိုယ်ဝန်ကြောင့် ခန္ဓာကိုယ်မသက်မသာဖြစ်နေ၍ ဧကရာဇ် လာ​ရောက်​ပေးရန် တောင်းဆိုခဲ့သည်။ အစပိုင်းတွင် အထောက်အကူဖြစ်ခဲ့သော်လည်း တူညီသောအကြောင်းပြချက်ဖြင့် နှစ်ကြိမ်သုံးကြိမ်ခန့်အကြာတွင် ဧကရာဇ်သည် စိတ်ရှုပ်လာပြီး သူမအား စွန့်လွှတ်လိုက်လေသည်။

နောက်ပိုင်းတွင် ရှု့​​ဖေးသည် သတ္တမမြောက်မင်းသားအ​ပေါ် မျက်စိကျသွားသည်။ မင်းသားလေး နေမကောင်းတဲ့အခါ ဧကရာဇ်က သူ့ကိုတွေ့ဖို့ လာလိမ့်မယ်။ရှုဖေး၏ ဖြူ​ဖျော့​နေသည့်မျက်နှာကို မြင်လိုက်ရသောအခါ ဧကရာဇ်သည် သူမအား သနားသွားပြီး သူမ စိတ်ချမ်းသာစေရန် တစ်ညလုံးနေပေးခဲ့သည်။

ပထမအကြိမ် မတော်တဆကြောင့်ဖြစ်ခဲ့သော်လည်း ရှု့​ဖေးသည် ချိုမြိန်သည့်အရသာကို ခံစားဖူးပြီ။သူမ သတ္တမမြောက်မင်းသားကို ရည်ရွယ်ချက်ရှိရှိ ဖျားနာစေရန် စတင်လုပ်ဆောင်ခဲ့တော့သည်။ သူ့အား ဆောင်းရာသီတွင် ရေအေးထဲ စိမ်ခိုင်းပြီး "မတော်တဆ" ခြေထောက်ကျိုးသွားစေခဲ့သည်....ဧကရာဇ်သည်လည်း အကြိမ်ကြိမ်အခါခါ ပြန်လာခဲ့သည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now