[20]

1.7K 297 9
                                    

[Unicode]

အခန်း(၂၀): ထောက်ခံချက်


မသိလိုက်ချိန်မှာပဲ ဝမ်မင်ယွီ နန်းတော်ထဲ ရောက်​နေသည်မှာ ခြောက်လကျော်ခဲ့ပြီ။ မျက်တောင်တစ်ချက် ခတ်လိုက်သလိုမျိုး အချိန်တွေကုန်တာမြန်လွန်းသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်မင်ယွီသည် သူ့ကိုယ်သူ အလွန်အောင်မြင်ပြီး ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝတစ်ခုကို လုပ်​ဆောင်နိုင်ခဲ့သည်ဟု ယူဆခဲ့သည်။
သူ တက်ရသည့်အတန်းများသည် စာ​ပေသင်ကြား​ရေးအတန်း​တွေသာ မဟုတ် တခြားမဖြစ်မနေလိုအပ်တဲ့သင်ရိုးအားလုံးကိုပါ တက်ရ​လေသည်။ကုန်းရွှီသည်လည်း သူ့ရဲ့အရည်အချင်းနှင့် ကြိုးစားချင်စိတ်တို့ကို အသိအမှတ်ပြုသောကြောင့် မုကျန်းကို တိုက်ရိုက်တင်ပြခဲ့သည်။ သို့သော် သူပြောသည့်အချိန်တွင် အခြားအတန်းများအတွက် ပါမောက္ခများကို ခန့်အပ်ထားပြီးဖြစ်ပြီး မုကျန်းသည်လည်း ၎င်းကို အစကတည်းက စဉ်းစားထားမှန်း သိရသည်။

ကျောင်းသားများ တတ်မြောက်ထားရမည့် မသင်မနေရ ဘာသာရပ် ခြောက်ခုမှာ- ဓ​လေ့ထုံးတမ်းစဉ်လာ၊ တေးဂီတ၊ ပစ်ခတ်ခြင်း၊ စီးနင်းခြင်း၊ လက်ရေးလှ၊ အတွက်အချက်တို့ဖြစ်ပြီး  အနုပညာ ဘာသာရပ်ခြောက်ခုမှာ- ကျင့်ဝတ်တွေ၊ ဂီတနှင့် အက၊ လေးပစ်၊ မြင်းစီး၊ အဖတ်၊ အရေး၊ နှင့် ဂဏန်းသင်္ချာတို့ပင် ဖြစ်သည်။

ဝမ်မင်ယွီသည် သူ ကူး​ပြောင်းမလာခင်တုန်းက အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။အဲဒီတုန်းကလည်း သူ့ရဲ့ဆရာက သူ့တွင် အခြေခံအုတ်မြစ်ခိုင်​ကြောင်း ချီးကျူး​လေ့ရှိပြီး အထူးသဖြင့် သင်္ချာဘာသာရပ်တွင် ထူးချွန်ပြီး သူအသုံးပြုခဲ့သည့် ရိုးရှင်းပြီး အဆင်ပြေတဲ့ သင်္ချာတွက်နည်းများကို ပြန်လည်သုံးသပ်ပေးတတ်သည်။ထိုအပြင် ဝမ်မင်ယွီသည် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အင်တာစတယ်လာ​ခေတ်က လူတစ်ယောက်ပင်။ အချို့သော အချက်အလက်များသည် ဧရာမပုခုံးပေါ်၌ သယ်ဆောင်ထားသည်မို့ ဝမ်မင်ယွီကား နှစ်ပေါင်းများစွာက တိုးတက်မှုတွေ၊ ဆင့်ကဲပြောင်းလဲခြင်း၊ ပေါင်းစည်းခြင်းနှင့် မြှင့်တင်မှုများကြောင့် သဘာဝအားဖြင့် သူ့တွင် အားသာချက်များစွာရှိလေသည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now