[7]

2.8K 396 14
                                    

[Unicode]

အခန်း(၇):အိမ်မက်


အိပ်ရာမဝင်ခင် အတွေးလွန်နေခဲ့တာကြောင့် ဝမ်မင်ယွီတစ်​ယောက် မုကျန်းနဲ့ ပတ်သက်ပြီး အိမ်မက်ဆိုး​တွေ မက်ပါ​တော့သည်။ နေ့ဘက်မှာ သူ့အ​ကြောင်း​တွေချည်း တွေး​နေခဲ့တာ​ကြောင့် ညဘက်မှာ​တော့ သူ့ရဲ့အိမ်မက်ထဲအထိ ဝင်​ရောက်လာခဲ့သည်။

အိပ်မက်ထဲတွင် သူသည် သူ့ရဲ့ နားရွက်ကျယုန်ပုံစံ​လေးအတိုင်း ရှိ​နေပြီး လက်ရာမြောက်သော ပန်းပုံစံများဖြင့် ထွင်းထုထားသော ရွှေရောင်လှောင်အိမ်ထဲတွင် ချုပ်နှောင်ခံထားရသည်။လှောင်အိမ်မှာ အလွန်ဆန်းပြားပြီး ဟိတ်ဟန်များလွန်းလှသည်။

သူသည် ပတ်ဝန်းကျင်ကို ရှုပ်ထွေးစွာ စူးစမ်းလေ့လာနေပြီး သူ့လက်​လေး​တွေဖြင့် ဘားတိုင်များကို ယက်ကာ တံခါးလှောင်အိမ်အား ရှာဖွေနေပြီး ထွက်ပြေးနိုင်ရန် ကြိုးစားနေသည်။ သို့သော် တံခါးကား လုံးဝပင် ဖွင့်မရ။ထိုချိန် သူနှင့် ဆန့်ကျင်ဘက်၌ အရပ်ရှည်ရှည်ပုံသဏ္ဌာန်တစ်ခု ချဉ်းကပ်လာသည်ကို သူတွေ့လိုက်ရသည်။

မုကျန်းပင်။

သူ့လက်က လှောင်အိမ်ဆီသို့ ရောက်လာပြီး ဆွဲယူမြှောက်လိုက်သည်။ဝမ်မင်ယွီကို စူးစူးစိုက်စိုက်ကြည့်​နေတဲ့ သူ့မျက်လုံး​တွေက မှိန်​ဖျော့သွားပြီး နှာမှုတ်ကာ ပြောလိုက်သည်။ "ထွက်ပြေးဖို့ ကြိုးစားနေတယ်​ပေါ့​လေ။ငါ မင်းကို သော့ခတ်ထားလိုက်ရင်​ရော။ မင်း ဘယ်လိုပြေးနိုင်မလဲ ကြည့်ရ​သေးတာ​ပေါ့။"

ဝမ်မင်ယွီမှာ သူ့ရဲ့ထွက်​ပြေးမှုက မအောင်မြင်ကြောင်း သိလိုက်ရသဖြင့် ထိတ်လန့်သွားရတဲ့အပြင် သူ့ရဲ့မူလယုန်သားရဲပုံစံကိုပင် ထုတ်ဖော်ခံထားရ​သေးသည်။

မုကျန်းက​တော့ သူ့ကို ကုတင်ဘေးသို့ သယ်သွား၏။လမ်းတစ်လျှောက်တွင် ဝမ်မင်ယွီ၏ခန္ဓာကိုယ်လေးသည် လှောင်အိမ်နှင့်အတူ လှုပ်ယမ်းနေ​တော့သည်။လေထဲမှာ ချိတ်ဆွဲခံထားရပြီး ယင်းအမြင့်မှာ ယုန်တစ်​ကောင်ကို ကြောက်ရွံ့လောက်အောင် မြင့်လေသည်။ သူ ဘားတန်းများပေါ် ခပ်သွက်သွက် ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့နှင်းဖြူရောင်အမြီးလုံး​လေးမှာ အနည်းငယ် တုန်ရီလို့သွားသည်။

ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်​တော်​လေးက အိုတစ်​ယောက်ပဲ||မြန်မာဘာသာပြန်||Where stories live. Discover now