[Unicode]
အခန်း(၁၂): မှဲ့နီလေး
ဝမ်မင်ယွီသည် ထူးချွန်ပြီး လုံ့လဝီရိယရှိတဲ့သူတစ်ယောက်ဖြစ်သည်မို့ ကုန်းရွှီက သူ့ကို ပိုမိုသဘောကျလာကာ သူ့ရဲ့တိုက်ရိုက်(အတွင်း)တပည့်အဖြစ် သင်ကြားပေးခဲ့သည်။
အစပိုင်းတွင် မုကျန်း၏လဝက်အတွင်း သင်ယူနိုင်ရမယ် ဟူသည့်ထုတ်ပြန်ချက်ကြောင့် စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ထို့ကြောင့် သူ အထက်တန်းတတိယနှစ် ကျောင်းသားထက် ပိုပြီးကြိုးစားခဲ့သည်။ ညဘက်ဆိုရင်တောင် မသိစိတ်အလျောက် စာလုံးတွေကို လက်ညိုးနဲ့ ရေးနေမိ၏။ သို့သော် တစ်လကျော်သွားသည်အထိ မုကျန်းက ဘာမှပြောမလာပေ။သူ မေ့သွားပုံရသည်။
ဒီအာဏာရှင်ကြီးမှာ နည်းနည်းလေး လူသားဆန်မှု ကျန်ရှိနေသေးတာပဲ ဟု တွေးမိရင်း ဝမ်မင်ယွီ စိတ်သက်သာရာရသွားသည်။ သို့သော်လည်း နောက်ပိုင်းတွင် သူ စိတ်လျှော့သွားတာမျိုးတွေ မလုပ်ဘဲ လုံ့လဝီရိယအပြည့်ဖြင့် ဆက်လက်လေ့လာခဲ့သည်။နောက်ဆုံးရှင်းအောင်ပြောရရင်တော့ မင်း အိမ်တံခါးပေါက်ဝအထိ ပို့လိုက်တဲ့အခွင့်အရေးကို အလဟသမဖြစ်သင့်ဘူးလေ။ ဤခေတ်တွင် အင်ပါယာကောလိပ်သည် နိုင်ငံ၏ပထမဆုံးတက္ကသိုလ်နှင့် ညီမျှပြီး ကုန်းရွှီသည်လည်း ကျောင်းတွင်းမှ ပါမောက္ခတစ်ဦးဖြစ်သည်။ယေဘူယျအားဖြင့် သူရဲ့လမ်းညွှန်မှုကို ခံယူနိုင်ဖို့က မလွယ်ပေ။
အင်တာစတယ်လာခေတ်တွင် ဝမ်မင်ယွီသည် သူ့ရဲ့လိင်ကို ထုတ်ဖော်မပြမိစေရန်အတွက် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသည်မို့ သာမန်ထက်ဘာမှ မလုပ်ဝံ့ပေ။သူ စာမေးပွဲတွင် ရမှတ်များကို တမင်တကာ နှိမ့်ဖြေခဲ့ကာ မြို့ငယ်လေးရှိ သာမန်အထက်တန်းကျောင်းတွင် တက်ခဲ့ပြီး ပညာရေးကလည်း မြို့တော်ရှိ ကျောင်းသားများလောက် မကောင်းမွန်ခဲ့ပေ။
အခုဆို သူ ဖုံးကွယ်ထားစရာမလိုတော့တဲ့အခြေအနေရှိနေပြီမို့ သူ ဘာကြောင့် အခွင့်ကောင်းမယူရမှာလဲ?
ဝမ်မင်ယွီသည် အခြေခံကနေ ဘာမှ မသင်ယူနိုင်တဲ့ ကလေးတစ်ယောက်မဟုတ်ပေမယ့် သူ သင်ယူတာတွေကို မှတ်မိဖို့ အရည်အချင်းရှိပါသေးသည်။ထို့ကြောင့် အခြေခံစာရေးစာဖတ် သင်ယူတတ်မြောက်ပြီးသွားတာ ကြာပါပြီ။ယခု သူ စာပေပညာရှင်များ၏အဆိုတွေကို စတင်သင်ယူနေပြီဖြစ်ပြီး စာအုပ်လေးအုပ်နှင့် ဂန္ထဝင်စာပေငါးအုပ်တို့က ယင်းတို့၏အခြေခံဖြစ်သည်။သူ အသိပညာ၏ရေကို လောဘတကြီးစုပ်ယူကာ သူ့ကိုယ်ပိုင်အရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည့်ရေမြှုပ်ကဲ့သို့ပင်။
YOU ARE READING
ဧကရာဇ်ကြီးရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်တော်လေးက အိုတစ်ယောက်ပဲ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - the emperor's favorite concubine is an O Original Author - Gu ZhiJun Eng Translator - CHRYSANTHEMUM GARDEN Total - 97 chapters START...